PSM(NEWS)

ဧပြီ ၁၈၊၂၀၂၆

ဟန်ဂေရီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူပီတာ မက်ဂျာ က ၎င်းအနေဖြင့် လာမည့် မေလ ၉ ရက် သို့မဟုတ် ၁၀ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုနိုင်ရန် မျှော်လင့်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် လွှတ်တော်ပထမအကြိမ် အစည်းအဝေးကျင်းပမည့်ရက်အပေါ် သမ္မတ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ပီတာ မက်ဂျာက ၎င်းအနေဖြင့် ယခင်က ကျင့်သုံးခဲ့သည့် အစဉ်အလာများကို ချိုးဖျက်ကာ လွှတ်တော်စတင်ခေါ်ယူသည့် နေ့၌ပင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့သည်။

ဘူဒါပက်မြို့၌ ပြုလုပ်သော လွှတ်တော်အစည်းအဝေးအတွက် ပါတီများအကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် ၎င်းက မီဒီယာများသို့ ထိုသို့ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုးကား Reuters

By Htet Ko