PSM(NEWS)

ဧပြီလ ၁၉၊၂၀၂၆

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာခွင့်အပေါ် ကန့်သတ်ချက်များ ပြန်လည်ချမှတ်လိုက်ကြောင်း စနေနေ့တွင် ကြေညာခဲ့သည်။ ယင်းသို့ ကြေညာပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ လက်နက်ကိုင်လှေငယ်များက ရေလက်ကြားအတွင်းရှိ ကုန်တင်သင်္ဘောနှင့် ဆီတင်သင်္ဘောများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသတွင်းစစ်ပွဲနှင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

အိန္ဒိယအလံတင် ဆီတင်သင်္ဘောနှစ်စင်းသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသဖြင့် လမ်းကြောင်းပြောင်းပြန်လှည့်ခဲ့ရသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက နယူးဒေလီမြို့ရှိ အီရန်သံအမတ်ကို ဆင့်ခေါ်ကာ ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အိန္ဒိယသို့ ဦးတည်သည့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ်ဆို့မှုကို မဖယ်ရှားမချင်း ဟော်မုဇ်ရေလက်ကြားအား ဆက်လက်ပိတ်ဆို့ထားမည်ဟု အီရန်စစ်ဌာနချုပ်က သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားအပါအဝင် အခြားသော သဘောတူညီချက်များ မရမချင်း အမေရိကန်၏ ပိတ်ဆို့မှုမှာ ဆက်ရှိနေမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *