Category: international news

ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ရေး အီရန်၏ အဆိုပြုချက်ကို အမေရိကန် စစ်ဆေးနေစဉ် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ရပ်တန့်နေ

PSM(NEWS) ဧပြီ ၂၉၊ ၂၀၂၆ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများသည် အင်္ဂါနေ့တွင် ရပ်တန့်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီး၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် တဟီရန်၏ နောက်ဆုံးကမ်းလှမ်းချက်ကို အမေရိကန်က သုံးသပ်နေချိန်တွင် ဝါရှင်တန်အနေဖြင့် စည်းကမ်းချက်များကို တစ်ဖက်သတ် ပြဌာန်း၍မရတော့ကြောင်း အီရန်က တုံ့ပြန်ပြောကြားလိုက်သည်။ အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေး စတင်ခဲ့သည့် လွန်ခဲ့သော နှစ်လခန့်မှစ၍ အီရန်သည် ကမ္ဘာ့ရေနံနှင့်…

အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များ ပြန့်နှံ့လာသဖြင့် တရုတ်နိုင်ငံက စွမ်းအင်ဖူလုံရေးနှင့် နည်းပညာကဏ္ဍကို ဦးစားပေးလုပ်ဆောင်ရန် ဆုံးဖြတ်

PSM(NEWS) ဧပြီ ၂၉၊ ၂၀၂၆ အစ္စရေး-အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများ စတင်လာချိန်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းက နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ရန်နှင့် နည်းပညာဆိုင်ရာ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် ၅.၀ ရာခိုင်နှုန်း…

OPEC မှ နုတ်ထွက်မည်ဟု အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကြေညာ

PSM(NEWS) ဧပြီ ၂၉၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် လာမည့် မေလ ၁ ရက်နေ့မှစတင်၍ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာလိုက်သည်။ ဤဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကို ထိန်းချုပ်မောင်းနှင်နေသည့် OPEC အဖွဲ့အတွင်းမှ အဓိကရေနံထုတ်လုပ်သူတစ်ဦး လျော့နည်းသွားမည်ဖြစ်ပြီး ကမ္ဘာ့ရေနံရောင်းလိုအားနှင့် ဈေးနှုန်းအပေါ် အဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းကိုလည်း ပိုမိုအားနည်းသွားစေမည်ဖြစ်သည်။ UAE…

မက္ကဆီကို၏ သြဇာအာဏာအရှိဆုံး CJNG ဂိုဏ်းခေါင်းဆောင် ‘အော်ဒီယပ်စ် ဖလောရက်စ်’ အား အထူးတပ်ဖွဲ့များ ဖမ်းဆီး

PSM(NEWS) ဧပြီ ၂၉၊၂၀၂၆ မက္ကဆီကို အထူးတပ်ဖွဲ့များသည် သြဇာအာဏာကြီးမားလှသော Jalisco New Generation Cartel (CJNG) လက်နက်ကိုင်ဂိုဏ်း၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ အော်ဒီယပ်စ် ဖလောရက်စ် (ခေါ်) အယ်လ်ဟာဒီနဲရိုးကိုနိုင်ငံအနောက်ပိုင်း နေယာရစ်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းလုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖုရှ် က တနင်္လာနေ့တွင်ထုတ်ဖော်ပြောကြားခဲ့သည်။ မက္ကဆီကို ရေတပ်က ဦးဆောင်သည့် ဤစစ်ဆင်ရေးကို ၁၉ လကြာ…

တောင်ဆူဒန်နိုင်ငံ၊ဂျူဘာမြို့အနီး လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံးကြောင်း တောင်ဆူဒန် အတည်ပြု

PSM(NEWS) ဧပြီ ၂၈၊၂၀၂၆ တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘာ ၏ အနောက်တောင်ဘက်တွင် တနင်္လာနေ့က လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ ၁၄ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ထိုနိုင်ငံ၏ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ CityLink Aviation လေကြောင်းလိုင်းမှ ပြေးဆွဲသည့် Cessna 208 Caravan အမျိုးအစား လေယာဉ်သည် ရေး (Yei)…

တောင်တရုတ်ပင်လယ်တွင် Balikatan စစ်ရေးလေ့ကျင့်မှုများ အရှိန်မြင့်လာစဉ် PLA က YJ-20 ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို ထုတ်ဖော်ပြသ

PSM(NEWS) ဧပြီ ၂၈၊၂၀၂၆ အမေရိကန်နှင့် မဟာမိတ်များ၏ Balikatan 2026 စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံက ပထမဆုံးအကြိမ် စစ်ဆင်ရေးကဏ္ဍမှ ပါဝင်လာချိန်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ တိုက်ခိုက်ရေးစမ်းသပ်မှု ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့သည်။ အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်-ဖိလစ်ပိုင်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်စစ်တပ်က YJ-20 ဟိုက်ပါဆိုးနစ်သင်္ဘောဖျက်ဒုံးကျည်များ ပစ်ခတ်သည့် ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က…

အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် သေနတ်ပစ်ခတ်ခဲ့သူအား တရားရုံးထုတ်မည်

PSM(NEWS) ဧပြီ ၂၈၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်နေသည့် ဝါရှင်တန်ညစာစားပွဲတွင် လုံခြုံရေးစည်းကို ဖောက်ဖျက်ကာ အမေရိကန် သမ္မတလုံခြုံရေးအဖွဲ့ (Secret Service) အေးဂျင့်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို တနင်္လာနေ့တွင် တရားရုံးထုတ်ပြီး ရာဇဝတ်မှုများဖြင့် စွဲချက်တင်မည်ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့မှ အသက် ၃၁ နှစ်အရွယ် ကိုးလ် တောမတ်စ် အလန် သည် ဝါရှင်တန်…

စစ်မီးတောက်နေသည့် ဒေသများသို့ ဖိလစ်ပိုင်သင်္ဘောသားများ သွားရောက်ခြင်းကို အစိုးရ ပိတ်ပင်မည်မဟုတ်

PSM(NEWS) ဧပြီ ၂၈၊၂၀၂၆ ပါရှန်းပင်လယ်ကွေ့ကဲ့သို့ စစ်မီးတောက်နေသည့် ဒေသများရှိ သင်္ဘောများပေါ်တွင် ဖိလစ်ပိုင်သင်္ဘောသားများကို အလှည့်ကျတာဝန်ထမ်းဆောင်ရန် သင်္ဘောပိုင်ရှင်များနှင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဆက်လက်ခွင့်ပြုထားသော်လည်း ဘေးအန္တရာယ်ရှိနိုင်သည့် ဒေသများသို့ သွားရောက်ရန် ငြင်းဆိုခွင့်ကို အလုပ်သမားတိုင်းတွင် အပြည့်အဝရှိကြောင်း ဖိလစ်ပိုင်အစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ “သင်္ဘောသားအသစ်တွေနဲ့ အစားထိုးလဲလှယ်ဖို့ လုပ်ငန်းရှင်တွေကို ကျွန်မတို့ ခွင့်ပြုထားပြီးသားပါ”ဟုရွှေ့ပြောင်းအလုပ်သမားရေးရာဝန်ကြီး ဟန့်စ် ကတ်ဒက်၏ ပြောကြားချက်ကို ကိုးကား၍…

ကားမတော်တဆမှုဖြစ်ပြီးနောက် အန်သိုနီ ဂျိုရှူအာ၏ ပထမဆုံးပွဲစဉ်အဖြစ် ဇူလိုင်လတွင် ခရစ်ရှတီယန် ပရင်ဂါနှင့် ထိုးသတ်မည်

PSM(NEWS) ဧပြီ ၂၈၊၂၀၂၆ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီ ဂျိုရှူအာ သည် ပြီးခဲ့သည့် ဒီဇင်ဘာလက လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ကားမတော်တဆမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လာမည့်ဇူလိုင်လတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ခရစ်ရှတီယန် ပရင်ဂါ နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ “ကျနော် ကြိုးဝိုင်းထဲပြန်ဝင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်စုစည်း တည်ဆောက်နေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီနေ့ဟာ အဲဒီခရီးစဉ်ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ” ဟု အသက်…

ဥရောပလက်နက်ကုမ္ပဏီများအပေါ် တရုတ်၏ ပိတ်ဆို့မှုက လက်နက်ဝယ်ယူရေးကို ထိခိုက်မည်မဟုတ်ဟု ထိုင်ဝမ်ပြောကြား

PSM(NEWS) ဧပြီ ၂၇၊ ၂၀၂၆ ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် ဥရောပကုမ္ပဏီ (၇) ခုအပေါ် တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းသည် ထိုင်ဝမ်၏ လက်နက်ဝယ်ယူနိုင်စွမ်းကို ထိခိုက်စေမည်မဟုတ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဤသို့ ပိတ်ဆို့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။ တရုတ်စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ဥရောပကုမ္ပဏီ (၇)…