PSM (News) စက်တင်ဘာ ၉၊၂၀၂၆ ယီမင်နိုင်ငံရှိ အီရန်လိုလားသော ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၈ ရက်နေ့တွင် ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံအချို့၏ လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဆော်ဒီအာဏာပိုင်များက ယင်းကို အန္တရာယ်ရှိသော တိုးမြှင့်လုပ်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဟူသီသူပုန်များသည် ဘလက်စတစ်ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ အဘ်ဟာ ၊ ခါမိစ်မူရှိတ် ၊ ဂျာဇန် နှင့် နက်ဂျရန်မြို့များရှိ ဆော်ဒီအာရမ်ကို ရေနံကုမ္ပဏီ၏ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ရေနံဈေးကွက်တွင် ဘရန့်ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၉၈ ဒေါ်လာအထိ မြင့်တက်သွားခဲ့သည်။ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ကလည်း ဤလုပ်ရပ်အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ ကိုးကား-Reuters Post navigation အနောက်ဖက်ကမ်းဒေသတွင် အစ္စရေးစစ်တပ်နှင့် ကျူးကျော်သူများ၏ ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၂ ဦး သေဆုံးပြီး အစ္စရေး ၁ ဦး ထိုးခံရ တော်ဝင်ထိုင်းရေတပ်အတွက် ဖရီးဂိတ်စစ်ရေယာဉ်အသစ် တည်ဆောက်ရန် တောင်ကိုရီးယား၏ ဟန်ဝါအိုရှင်းကို ရွေးချယ်