PSM(NEWS) ဧပြီ ၂၉၊ ၂၀၂၆ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများသည် အင်္ဂါနေ့တွင် ရပ်တန့်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီး၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် တဟီရန်၏ နောက်ဆုံးကမ်းလှမ်းချက်ကို အမေရိကန်က သုံးသပ်နေချိန်တွင် ဝါရှင်တန်အနေဖြင့် စည်းကမ်းချက်များကို တစ်ဖက်သတ် ပြဌာန်း၍မရတော့ကြောင်း အီရန်က တုံ့ပြန်ပြောကြားလိုက်သည်။ အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေး စတင်ခဲ့သည့် လွန်ခဲ့သော နှစ်လခန့်မှစ၍ အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခဲ့ရာ ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ CNN သတင်းဌာန၏ ဖော်ပြချက်အရ အီရန်၏ အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က လက်ခံရန် မဖြစ်နိုင်ကြောင်း သိရသည်။ ကာတာနိုင်ငံကလည်း အမြဲတမ်းဖြေရှင်းချက်တစ်ခု မရရှိပါက ဤပဋိပက္ခမှာ “အေးခဲနေသော ပဋိပက္ခ” အဖြစ်သာ ကျန်ရစ်ပြီး အချိန်မရွေး ပြန်လည်ပေါက်ကွဲနိုင်ကြောင်း သတိပေးထားသည်။ အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို လျှော့ချပေးရန်၊ အမေရိကန်ကအီရန်ဆိပ်ကမ်းများအပေါ်ပြန်လည်တုံ့ပြန်ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန်နှင့် အီရန်၏နျူကလီးယားအစီအစဉ်အပါအဝင် ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်ရန် တို့ပါဝင်သည်။ သို့သော်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အဆိုပါကမ်းလှမ်းချက်သည် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော်လည်း အီရန်ဘက်ကနျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုကို အမှန်တကယ်ရပ်တန့်မည်လားဆိုသည်မှာသံသယဖြစ်ဖွယ်ရှိကြောင်း ဆိုသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက စစ်ပွဲသည် အီရန်၏ အစစ်အမှန်အင်အားကို ပြသနိုင်ခဲ့သည်ဟု ရုရှားတွင် ပြောကြားခဲ့သော်လည်း တဟီရန်မြို့ခံများမှာမူ စီးပွားရေးပြိုလဲမှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။ အခြားတစ်ဖက်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ တို့အကြား လက်ရှိသဘောတူထားသော အပစ်အခတ်ရပ်စဲရေးမှာလည်း ကျိုးပျက်လုနီးပါးဖြစ်နေပြီး၊ အစ္စရေးစစ်ဦးစီးချုပ်က ၂၀၂၆ ခုနှစ်သည် အစ္စရေးအတွက် စစ်မျက်နှာအားလုံးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့်နှစ် ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ ကိုးကား-AFP Post navigation အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များ ပြန့်နှံ့လာသဖြင့် တရုတ်နိုင်ငံက စွမ်းအင်ဖူလုံရေးနှင့် နည်းပညာကဏ္ဍကို ဦးစားပေးလုပ်ဆောင်ရန် ဆုံးဖြတ် မန်ဒယ်လ်ဆန်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် စတာမာကို စုံစမ်းစစ်ဆေးရန် တင်ပြချက် ဗြိတိန်လွှတ်တော် ပယ်ချ