PSM (News) စက်တင်ဘာ ၉၊၂၀၂၆ အမေရိကန်နိုင်ငံ၏ သမိုင်းတွင် အမှောင်မိုက်ဆုံးနှင့် ရင်နာစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်သည့် စက်တင်ဘာ ၁၁ ရက် (9/11) အကြမ်းဖက်တိုက်ခိုက်ခံရမှု၏ (၂၅) ကြိမ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအဖြစ် အိမ်ဖြူတော်ရင်ပြင်တွင် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါအထူးအထိမ်းအမှတ်အခမ်းအနား၌ သမ္မတ ဒေါ်နယ်ထမ့်ပ့်သည် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (World Trade Center) တောင်ဘက်မျှော်စင်မှ ထွက်ပေါ်လာသည့် သံမဏိတိုင်အစအနရှေ့တွင် ရပ်တည်လျက် တိုင်းပြည်၏ ခိုင်မာပြတ်သားမှုကို အလေးအနက် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို Tunnel to Towers ဖောင်ဒေးရှင်း၏ “Steel Across America” (အမေရိကန်တစ်ဝန်း သံမဏိခရီးစဉ်) လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စွန့်လွှတ်စွန့်စားမှုများကို ထင်ဟပ်စေခဲ့သည်။ သမ္မတ ဒေါ်နယ်ထမ့်ပ့်နှင့်အတူ ရှေ့တန်းအထောက်အကူပြု ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖရန့်ဆီလာ တို့ တက်ရောက်ခဲ့ကြကာ ကျဆုံးသွားသော သူရဲကောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဂါရဝပြုခဲ့ကြသည်။ ယခုကဲ့သို့ နှစ် (၂၅) ပြည့် အထိမ်းအမှတ် အထူးခရီးစဉ်နှင့် အခမ်းအနားများသည် နောင်လာမည့်မျိုးဆက်သစ်များအတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် စွန့်လွှတ်စွန့်စားမှုများကို ပြန်လည်အမှတ်ရစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ကိုးကား-Fox News Post navigation တော်ဝင်ထိုင်းရေတပ်အတွက် ဖရီးဂိတ်စစ်ရေယာဉ်အသစ် တည်ဆောက်ရန် တောင်ကိုရီးယား၏ ဟန်ဝါအိုရှင်းကို ရွေးချယ်