PSM (News)

စက်တင်ဘာ ၉၊၂၀၂၆

တော်ဝင်ထိုင်းရေတပ်သည် ဘတ်ငွေ ၁၆ ဒသမ ၇၃ ဘီလီယံတန်ဖိုးရှိ ဖရီးဂိတ်စစ်ရေယာဉ်အသစ် တစ်စင်း တည်ဆောက်ရန်အတွက် တောင်ကိုရီးယားနိုင်ငံမှ ဟန်ဝါအိုရှင်းကုမ္ပဏီကို စက်တင်ဘာလ ၈ ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း တရားဝင် ကြေညာလိုက်သည်။

အဆိုပါ စာချုပ်တွင် စစ်ရေယာဉ်အပြင် လိုအပ်သည့် စနစ်များ၊ ကိရိယာတန်ဆာပလာများ၊ အရန်ပစ္စည်းများ၊ လောင်စာဆီနှင့် သင်တန်းများအပါအဝင် ဝန်ဆောင်မှုအမျိုးမျိုး ပါဝင်ပြီး ချွန်ဘူရီခရိုင်ရှိ သတ္တဟိပ်ရေတပ်စခန်းသို့ ပို့ဆောင်သည်အထိ သယ်ယူပို့ဆောင်ရေးနှင့် အာမခံစနစ်များ ပါဝင်သည့် တိကျသေချာသော ဈေးနှုန်းစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

ကိုးကား-Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *