Category: international news

ယူကရိန်းနိုင်ငံ၏ ‘ခံတပ်သဖွယ်စစ်ပွဲ’ ကြောင့် သန်းနှင့်ချီသော စာအုပ်များ မီးလောင်ပြာကျ

PSM (News) ဩဂုတ် ၁၁၊၂၀၂၆ ဩဂုတ်လ ၁ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဟာခိဗ် မြို့ရှိ Ranok ၏ သိုလှောင်ရုံကို ရုရှားဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စာအုပ်ပေါင်း ၈ သန်းခန့် ပျက်စီးခဲ့ရပြီး၊ ၎င်းသည် လေးနှစ်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲအတွင်း ယူကရိန်းစာအုပ်ထုတ်ဝေရေး လုပ်ငန်းအတွက် အကြီးမားဆုံး ထိခိုက်မှုကြီး တစ်ရပ် ဖြစ်လာခဲ့သည်။ ထုတ်ဝေသူများ၏…

အိန္ဒိယနိုင်ငံ ဂျပ်ခ်ခန်ပြည်နယ် လူငယ်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆံများသုံး၍ လူစုခွဲ

PSM (News) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျပ်ခ်ခန်ပြည်နယ်တွင် တုတ်များနှင့် ရေပိုက်များ အသုံးပြုကာ သြဂုတ်လ ၁၀ ရက် တွင် လူစုခွဲခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ သိရှိရသည်။ ဩဂုတ် ၁၁၊၂၀၂၆ ဆန္ဒပြပွဲဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများမှာနိုင်ငံ့ဝန်ထမ်း စာမေးပွဲများနှင့် ဝန်ထမ်းခန့်အပ်ရေး စာမေးပွဲ မေးခွန်းလွှတ် ပေါက်ကြားမှုများ ရှိခဲ့ခြင်း၊အိန္ဒိယနိုင်ငံ၏ ဆင်းရဲသည့် ပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဂျပ်ခ်ခန်ပြည်နယ်ရှိ ကျောင်းသားများနှင့်…

ဖိလစ်ပိုင်နိုင်ငံတွင်မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၁၂ ဦး သေဆုံးကာ ၈ ဦး ပျောက်ဆုံးနေ

PSM (News) ဩဂုတ် ၁၁၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၌ မရပ်မနားရွာသွန်းနေသော မုတ်သုံမိုးကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ပြောကြားခဲ့သည်။ အမျိုးသား…

အီရန်သမ္မတနှင့် ခေါင်းဆောင်ကြီး ခါမေနီတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ

PSM (News) သြဂုတ် ၁၀၊ ၂၀၂၆ အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ကီယန်သည် သမ္မတသက်တမ်း တတိယနှစ်သို့ စတင်ဝင်ရောက်လာချိန် ဇူလိုင်လနှောင်းပိုင်းက အမြင့်ဆုံးခေါင်းဆောင်ကြီး မိုဂျာတာဘာ ခါမေနီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ ထိုတွေ့ဆုံမှုတွင် စစ်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီးပွားရေး၊ အရင်းအမြစ်များ လုံခြုံရေး၊ ပြည်ပမဟာမိတ်များနှင့် စီးပွားရေးဆက်ဆံမှု တည်ဆောက်ရေး ကိစ္စရပ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။ မတ်လတွင် ဖခင်ဖြစ်သူ၏နေရာကို…

တရုတ်နိုင်ငံ အရှေ့ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဒေါ်ဖင် ဝင်ရောက်တိုက်ခတ်ပြီး လူတစ်သန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

PSM (News) ဩဂုတ် ၁၀၊၂၀၂၆ တရုတ်နိုင်ငံ၏ ယခုနှစ်အတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဒေါ်ဖင်သည် တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းသို့ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်စေခဲ့ကာ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ခြေရှိကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးဖြစ်ရာ လူခြောက်ဦး ဒဏ်ရာရရှိကာ အဆောက်အအုံပေါင်း ၅၀,၀၀၀…

ဂါဇာငြိမ်းချမ်းရေး လမ်းပြမြေပုံကို နေတန်ယာဟု ပယ်ချ၊ ဟားမာ့စ်နှင့် အစ္စရေးတို့၏ အနေအထား တင်းမာဆဲ

PSM (News) ဩဂုတ် ၁၀၊၂၀၂၆ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမာ့စ် အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန် အပြည့်အဝသဘောတူမှသာ ဂါဇာ မြေမှ ဆုတ်ခွာမည်ဟု ပြောကြားလိုက်ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ဂါဇာငြိမ်းချမ်းရေး ၁၅ ချက်ပါ လမ်းပြမြေပုံကို ပယ်ချလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တနင်္ဂနွေနေ့က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် အစ္စရေးဝန်ကြီးချုပ်က ဟားမာ့စ်အဖွဲ့အနေဖြင့်…

ဘန်ကောက်မြို့အနီးတွင် ဖြစ်ပွားခဲ့သော ကျောင်းတွင်းပစ်ခတ်မှုနှင့် လုံခြုံရေးတိုးမြှင့်မည့်အစီအစဉ်

PSM (News) ဩဂုတ် ၁၀၊၂၀၂၆ ဘန်ကောက်မြို့စွန်ရှိ ကျောင်းတစ်ကျောင်းတွင် လူအများအပြား သေဆုံးစေခဲ့သည့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကျူးလွန်ခဲ့သူ လူငယ်လေးသည် ပြီးခဲ့သည့်နှစ်က အဲယားဂန်း (BB Gun) တစ်လက်ကို ကျောင်းသို့ ယူဆောင်လာခဲ့ဖူးသဖြင့် ဆရာဖြစ်သူက သိမ်းဆည်းခဲ့ဖူးကြောင်းနှင့် အွန်လိုင်းမှ အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို ကြည့်ရှုခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။အစိုးရအနေဖြင့်လည်း ကျောင်းများအတွက် လုံခြုံရေး လုပ်ထုံးလုပ်နည်းအသစ်များကို…

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ပစ်ကပ်ထရပ်ကားတစ်စီး ဆိုင်များအတွင်းသို့ ဝင်ရောက်တိုက်မိရာမှ ပျက်စီးဆုံးရှုံးမှုကြီးမား

PSM(News) ဩဂုတ် ၉၊၂၀၂၆ ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ကော်ဖီဆိုင်နှင့် ကြက်ဆီထမင်းဆိုင် တစ်ဆိုင်တို့တွင်ဩဂုတ်လ၈ရက်နေ့ နံနက်စောစောပိုင်းက ပစ်ကပ်ထရပ်ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့သဖြင့် အပြင်းအထန် ပျက်စီးသွားခဲ့သည်။သို့ဖြစ်၍ ဆိုင်ရှင်အနေဖြင့် ဘတ်ငွေ တစ်သန်းနီးပါးခန့် ပြုပြင်စရိတ် ကျခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ချင်းမိုင်ခရိုင်၊မေဟီယာ ဆွန်ဖော့ ၇၀၀ ပီလမ်းရှိ “သောင်ဖန်ဘိုင်း ကော်ဖီဆိုင်” နှင့် အနီးရှိ “မေယုံ ကြက်ဆီထမင်းဆိုင် တို့ကို…

ထိုင်းနိုင်ငံ ကျောင်းပစ်ခတ်မှုတွင် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ အရေအတွက် ၉ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ပြော

PSM (News) သြဂုတ် ၉ ၊၂၀၂၆ ထိုင်းနိုင်ငံ ကျောင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စနေနေ့တွင် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နွန်ထဘူရီခရိုင်ရှိ ပလိုင်းဘန်း ရဲစခန်းမှ တာဝန်ရှိသူများက ပြောကြားရာတွင် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက…

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ သဘောတူညီချက် နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို တစ်ဖက်သတ် ဖွင့်လှစ်ပေးမည်မဟုတ်ဟု အီရန်ဆို

PSM (News) ဩဂုတ် ၉၊၂၀၂၆ ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် သဘောတူညီချက် ရယူရန် အလွန်နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် လုံလောက်မည်မဟုတ်ကြောင်း စနေနေ့တွင် အီရန်က ပြောကြားခဲ့ပြီး ရေလက်ကြားအတွင်း သင်္ဘောတစ်စီး ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ထုတ်ပြန်ခဲ့သည်။ ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် တည်ရှိနေသော အီရန်နှင့် အိုမန်တို့ကြား…