PSM (News) သြဂုတ် ၉ ၊၂၀၂၆ ထိုင်းနိုင်ငံ ကျောင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စနေနေ့တွင် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နွန်ထဘူရီခရိုင်ရှိ ပလိုင်းဘန်း ရဲစခန်းမှ တာဝန်ရှိသူများက ပြောကြားရာတွင် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက ၎င်း၏ အဘိုးအဘွားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ကျောင်းအတွင်း၌ လူ ၅ ဦးကို ထပ်မံပစ်ခတ်သတ်ဖြတ်ကာ ၎င်းကိုယ်တိုင် သေနတ်ဖြင့် အဆုံးစီရင်ခဲ့သည့် ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သော အဆိုပါ မိန်းကလေးငယ်မှာ စနေနေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဟော်မုဇ် ရေလက်ကြားဆိုင်ရာ သဘောတူညီချက် နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို တစ်ဖက်သတ် ဖွင့်လှစ်ပေးမည်မဟုတ်ဟု အီရန်ဆို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ပစ်ကပ်ထရပ်ကားတစ်စီး ဆိုင်များအတွင်းသို့ ဝင်ရောက်တိုက်မိရာမှ ပျက်စီးဆုံးရှုံးမှုကြီးမား