PSM (News)

သြဂုတ် ၁၀၊ ၂၀၂၆

အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ကီယန်သည် သမ္မတသက်တမ်း တတိယနှစ်သို့ စတင်ဝင်ရောက်လာချိန် ဇူလိုင်လနှောင်းပိုင်းက အမြင့်ဆုံးခေါင်းဆောင်ကြီး မိုဂျာတာဘာ ခါမေနီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ထိုတွေ့ဆုံမှုတွင် စစ်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီးပွားရေး၊ အရင်းအမြစ်များ လုံခြုံရေး၊ ပြည်ပမဟာမိတ်များနှင့် စီးပွားရေးဆက်ဆံမှု တည်ဆောက်ရေး ကိစ္စရပ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

မတ်လတွင် ဖခင်ဖြစ်သူ၏နေရာကို ဆက်ခံခဲ့ပြီးနောက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းမရှိသေးသည့် အမြင့်ဆုံးခေါင်းဆောင် ခါမေနီနှင့် ဆက်သွယ်ရမှုအပေါ် သမ္မတက လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း ကွဲပြားခြားနားသော ပြောဆိုချက်များကို ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ခါမေနီ၏ ကျန်းမာရေးနှင့် လူမြင်ကွင်းသို့ မထွက်ပေါ်လာမှုအပေါ် ထွက်ပေါ်နေသော ခန့်မှန်းချက်များကို ချေပရန်အတွက် ၎င်း၏ ရုပ်သံမှတ်တမ်းများနှင့် အခြားအထောက်အထားများကို နောင်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဘာဆစ်(ဂျ်) အဖွဲ့၏ ဒုတိယအကြီးအကဲ ကာဆမ် ကိုရိုင်ရှီက ပြောကြားခဲ့သည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *