PSM(News) ဩဂုတ် ၉၊၂၀၂၆ ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ကော်ဖီဆိုင်နှင့် ကြက်ဆီထမင်းဆိုင် တစ်ဆိုင်တို့တွင်ဩဂုတ်လ၈ရက်နေ့ နံနက်စောစောပိုင်းက ပစ်ကပ်ထရပ်ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့သဖြင့် အပြင်းအထန် ပျက်စီးသွားခဲ့သည်။သို့ဖြစ်၍ ဆိုင်ရှင်အနေဖြင့် ဘတ်ငွေ တစ်သန်းနီးပါးခန့် ပြုပြင်စရိတ် ကျခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ချင်းမိုင်ခရိုင်၊မေဟီယာ ဆွန်ဖော့ ၇၀၀ ပီလမ်းရှိ “သောင်ဖန်ဘိုင်း ကော်ဖီဆိုင်” နှင့် အနီးရှိ “မေယုံ ကြက်ဆီထမင်းဆိုင် တို့ကို ဖွင့်လှစ်ရန် ရောက်ရှိလာခဲ့သော အသက် ၃၇ နှစ်အရွယ် ဝရကွန်း စိန်ဆူဖွန် ဆိုသူမှာ ပစ်ကပ်ထရပ်ကားတစ်စီး ဆိုင်များအတွင်းသို့ ဝင်ရောက်တိုက်မိထားသည်ကို တွေ့ရှိခဲ့ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်တံခါးများ၊ သံပြားလိပ်တခါးများ၊ ဖန်သားပြင်များ၊ နံရံများနှင့် မျက်နှာကျက်များ အပါအဝင် ဆိုင်ခန်းများမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။ ထို့အပြင် ကော်ဖီဖျော်စက်ပစ္စည်းများနှင့်မှန်ဘီရို ပါ ပျက်စီးခဲ့ရသဖြင့် ဆိုင်နှစ်ဆိုင်စလုံးကို ဆက်လက်ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပေ။ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ဘတ်ငွေ တစ်သန်းနီးပါးခန့် ရှိမည်ဟု ဝရကွန်းက ခန့်မှန်းပြောကြားခဲ့သည်။ လမ်ပန်မြို့နယ်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော မီးခိုးရောင် ဖို့ဒ် (Ford) ပစ်ကပ်ထရပ်ကားတစ်စီး ဆိုင်များအတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ကြောင်း သန်းခေါင်ယံ ၁ နာရီခွဲအချိန်ခန့်တွင် သတင်းရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြသော ရဲတပ်ဖွဲ့ဝင်များသည် ရှေ့ပိုင်းပျက်စီးကာ တာယာပေါက်နေသော ပစ်ကပ်ထရပ်ကားကို တွေ့ရှိခဲ့ရသည်။ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန်အတွက် ၎င်းအား ခေါ်ဆောင်စစ်ဆေးခဲ့ကာ အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ပြီးနောက် ပစ်ကပ်ထရပ်ကားကို ချင်းမိုင် ရဲစခန်းသို့ ဆွဲယူသွားခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ဆိုင်အတွင်း၌ မည်သူမျှ မရှိကြောင်း ဝရကွန်းက ဆိုခဲ့သည်။ ဆိုင်သိမ်းပြီးနောက် ဆန်ဖက်ဝမ် ဆပ်ခရိုင်ရှိ နေအိမ်သို့ ပြန်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ နောက်တစ်နေ့ နံနက်စောစောတွင် ဆိုင်လာဖွင့်စဉ် ယခုကဲ့သို့ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဆိုင်များကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန် အချိန်အတော်ကြာမြင့်မည်ဖြစ်သောကြောင့် ဆိုင်နှစ်ဆိုင်စလုံး ဆက်လက်ပိတ်ထားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကိုးကား-Khaosod Post navigation ထိုင်းနိုင်ငံ ကျောင်းပစ်ခတ်မှုတွင် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ အရေအတွက် ၉ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ပြော ဘန်ကောက်မြို့အနီးတွင် ဖြစ်ပွားခဲ့သော ကျောင်းတွင်းပစ်ခတ်မှုနှင့် လုံခြုံရေးတိုးမြှင့်မည့်အစီအစဉ်