PSM (News) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျပ်ခ်ခန်ပြည်နယ်တွင် တုတ်များနှင့် ရေပိုက်များ အသုံးပြုကာ သြဂုတ်လ ၁၀ ရက် တွင် လူစုခွဲခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ သိရှိရသည်။ ဩဂုတ် ၁၁၊၂၀၂၆ ဆန္ဒပြပွဲဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများမှာနိုင်ငံ့ဝန်ထမ်း စာမေးပွဲများနှင့် ဝန်ထမ်းခန့်အပ်ရေး စာမေးပွဲ မေးခွန်းလွှတ် ပေါက်ကြားမှုများ ရှိခဲ့ခြင်း၊အိန္ဒိယနိုင်ငံ၏ ဆင်းရဲသည့် ပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဂျပ်ခ်ခန်ပြည်နယ်ရှိ ကျောင်းသားများနှင့် အလုပ်လက်မဲ့ လူငယ်များအကြား အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာခြင်းနှင့် အဂတိလိုက်စားမှုများ ဖြစ်သည်။ အလားတူပင် နိုင်ငံ၏မြို့တော် နယူးဒေလီမြို့တွင်လည်း လွန်ခဲ့သည့် သြဂုတ်လအတွင်းက အလားတူ စာမေးပွဲမမှန်မကန်ဖြစ်မှုများနှင့် ပတ်သက်၍ လူငယ်ဆန္ဒပြသူ ၅၀,၀၀၀ ခန့်က သီတင်းပတ်နှင့်ချီ ဆန္ဒပြခဲ့ကြရာမှ ပညာရေးဝန်ကြီး ဓမန်ဒြာ ပရာဒန် ရာထူးမှ နုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။ ဂျပ်ခ်ခန်ပြည်နယ် ဆန္ဒပြသူများ၏ တောင်းဆိုချက်များတွင် ပြည်နယ်၏ စာမေးပွဲစနစ်ကို အစအဆုံး ပြုပြင်ပြောင်းလဲရန်၊ စာမေးပွဲအချို့ကို ဖျက်သိမ်းရန်နှင့် ဖက်ဒရယ် ရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်တို့ ပါဝင်သည်။ ပြည်နယ်အစိုးရ တာဝန်ရှိသူများက ဆန္ဒပြကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ တောင်းဆိုချက်အများစုကို လက်ခံထားကြောင်းနှင့် ဆက်လက်ဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ကိုးကား-Reuters Post navigation ဖိလစ်ပိုင်နိုင်ငံတွင်မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၁၂ ဦး သေဆုံးကာ ၈ ဦး ပျောက်ဆုံးနေ ယူကရိန်းနိုင်ငံ၏ ‘ခံတပ်သဖွယ်စစ်ပွဲ’ ကြောင့် သန်းနှင့်ချီသော စာအုပ်များ မီးလောင်ပြာကျ