PSM(News)

ဧပြီ ၂၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ရှိ စစ်အုပ်စု၏ အောင်ချမ်းသာအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပကဖအသံက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပူးပေါင်း တပ်များ သည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်က အဆိုပါစခန်းကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အောင်ချမ်းသာစခန်းသည် စစ်အုပ်စုအတွက် ဗျူဟာမြောက် အရေးပါသည့် စခန်းဖြစ်သဖြင့် စစ်တပ်က လက်မလွှတ်ရရေးအတွက် လေကြောင်းမှ အကြိမ်ကြိမ် ပစ်ကူပေးခဲ့သော်လည်း ကာကွယ်ရေးတပ် များက အပြတ် အသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်ကျဆုံးမှုများနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ် အခြေအနေများကိုမူ သိရှိရခြင်းမရှိသေးဘဲ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ဓာတ်ပုံ-ပကဖအသံ

By Htet Ko

You missed