PSM(News) ဧပြီ ၂၇၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) – TRI ဗျူဟာမှ ရဲဘော် ၃၅ ဦးသည် ရန်သူထံ လက်နက်ချရန် မြူဆွယ်ခြင်းနှင့် တည်နေရာများ ပေးပို့ခြင်းအပါအဝင် တော်လှန်ရေးအပေါ် သစ္စာဖောက်ကျူးလွန်ခဲ့သဖြင့် ၎င်းတို့အား အပြီးတိုင်ထုတ်ပယ်ကာ အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း ယနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အိုပါ ရဲဘော်များသည် ရန်သူ့ထံ လက်နက်ချအညံ့ခံခြင်း၊ အခြားရဲဘော်များအား လက်နက်ချရန် မြူဆွယ်ခြင်းနှင့် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် တည်နေရာ (Location) များ ပေးပို့ခြင်း၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရဲဘော်များအား စွန့်ခွာထွက်ပြေးခြင်း၊ တပ်ပိုင်ပစ္စည်းနှင့် ငွေကြေးများကို ခိုးယူအလွဲသုံး စားပြုခြင်း တို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ PDF – TRI ဗျူဟာ အနေဖြင့် အဆိုပါ ၃၅ ဦးအား “တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက် လောက်ကောင်များ” အဖြစ် သတ်မှတ်လိုက်ပြီး ၎င်းတို့နှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို ဗျူဟာမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။ ထို့ပြင် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ပြင်းထန်စွာ ထိထိရောက်ရောက် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF – TRI ဗျူဟာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-PDF – TRI ဗျူဟာ Post navigation ကလေးဝနယ်ရှိ စစ်အုပ်စု၏ ဗျူဟာမြောက် အောင်ချမ်းသာစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် PDF ရဲဘော်ရှူးပျံ (ခ) နေမျိုးလှိုင် ကျဆုံးမှုအပေါ် ရွှေဘိုခရိုင် အမှတ် (၁၆) တပ်ရင်းက ဝမ်းနည်း ကြောင်း မှတ်တမ်းတင်