PSM(News) ဧပြီ ၂၈၊ ၂၀၂၆ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန၊ အမှတ် (၁၆) တပ်ရင်းမှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။ ပေါ်ဦးစစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်ရှူးပျံ (ခ) နေမျိုးလှိုင် သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ခြင်း ဖြစ်သည်။ ကျဆုံးသွားသည့် ရဲဘော်သည် တပ်ရင်းမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ သူဖြစ်ပြီး ၎င်း၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားမှုများကို အစဉ်အောက်မေ့ လေးစားလျက်ရှိကြောင်း အမှတ် (၁၆) တပ်ရင်းက ဆိုသည်။ ရဲဘော်ကျဆုံးမှုအပေါ် “ရင်တွေနာကျင်ရပါတယ်မဖြေနိုင်ဘူး။ ပေးဆပ်ရတာများလိုက်တာမတန်ပါဘူး။ နောက်ထပ်မကြားပါရစေနဲ့တော့။ စိတ်တွေမကောင်းလွန်းလို့ပါ ကောင်းသောဘုံဘဝရောက်ပါစေသားလေးရယ်” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုထားသည်။ “ရဲဘော်ရှူးပျံ (ခ) နေမျိုးလှိုင် ကောင်းရာသုဂတိလားပါစေ” ဟု တပ်ရင်းရဲဘော်များမှ ဆုတောင်း ထားပြီး ရဲဘော်ရှူးပျံ၏ ပေးဆပ်မှုကို အလေးအမြတ်ပြုသောအားဖြင့် ပြည်သူ့တော်လှန်ရေး အောင်မြင် သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ် (၁၆) တပ်ရင်း Post navigation ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ ရဲဘော် ၃၅ ဦးကို တော်လှန်ရေးသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း၍ အပြီးတိုင်ထုတ်ပယ် ကျောင်းသားလက်ရုံးတပ်တော် ၅ နှစ်ပြည့်တွင် စစ်သုံ့ပန်း ၁၁ ဦးကို လွှတ်ပေး၊ မြန်မာပြည် အလယ်ပိုင်း ရှိ ကပစများကို ခြိမ်းခြောက်စစ်ဆင်မည်