PSM(News) ဧပြီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ တရုတ်ပိုင်ယန်စီစက်ရုံမှ ထွက်လာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း Black Shadow-PDF က ထုတ်ပြန်သည်။ စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ယင်းမာပင်မြို့နယ်ရှိ တရုတ်ပိုင် ယန်စီစက်ရုံမှ တည်ပင်ကုန်းရွာ အနောက်ဘက်သို့ ထွက်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှေ့ထွက်မိုင်း များဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား သုံး ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စစ်အုပ်စုယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၃၀- ADPRA တပ်ခွဲ့ ၂၊ Black Shadow PDF၊ မဲမှောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ Black Vot Fighter ပြည်သူကာကွယ်ရေးအဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း၁၆ တပ်ခွဲ (၁) Brother Defence Foceတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) ADPR – တပ်ခွဲ (၂) Black Shadow PDF၊ မဲမှောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ Black Volt Fighter အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) Brother Defense Force တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-Black Shadow- PDF Post navigation “ရိုးမပေါ်မှာကျတဲ့မျက်ရည်” အမျိုးသားစာပေဆုရှင် ဆရာတင်ညွန့်ကို အာဏာလု စစ်အုပ်စု ဖမ်းဆီး မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦး ထိုင်းစတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုကို နောက်ဖေးပေါက်မှ ဝယ်ယူသိမ်းပိုက်ရန် ကြိုးပမ်းနေ