PSM (News)

ဇူလိုင် ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံ၏ နိုင်ငံရေးအဆင့် ပါဝင်မှုကိုဆက်လက်ပိတ်ပင်ထားသည့် အာဆီယံ၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့်အာဏာလုစစ်အုပ်စုအားရလဒ်များမရှိဘဲ တဖြည်းဖြည်းအသိအမှတ်ပြုလာမည့်အရေးကိုသတိပေးလိုက်ကြောင်း အာဆီယံ လူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ယနေ့ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။

ဆဌမအကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်အာဏာလုစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ခြင်း မရှိဘဲ ယခင်နှစ်များကဲ့သို့ပင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးရာထူးမဟုတ်သော အရာရှိတစ်ဦးသာ တက်ရောက်ခဲ့သည်။ အာဆီယံ၏ အဓိကမူဘောင်အဖြစ် ဘုံသဘောတူညီချက် ၅ ရပ်ကို ဝန်ကြီးများက ထပ်လောင်းအတည်ပြုခဲ့ပြီး အာဏာလုစစ်အုပ်စုခေါင်းဆောင်များအာဆီယံအစည်းအဝေးများသို့ ပြန်လည်ပါဝင်လာရန်မှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ထို့အပြင်မြန်မာစစ်တပ်လိုလားသော လွှတ်တော်က ဘုံသဘောတူညီချက် ၅ ရပ်ကို “စွက်ဖက်မှု” အဖြစ် ပယ်ချကြောင်းမဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် လာမည့်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် သေချာမှုမရှိသေးကြောင်း အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့သည်။

ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံ၍ သတ်မှတ်ချက်များ၊ အစီရင်ခံသည့် အချိန်ကာလများနှင့် ညွှန်းကိန်းများကို အာဆီယံအနေဖြင့် ထုတ်ပြန်ကြေညာရန် APHR က တိုက်တွန်းထားသည်။ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများ တိုးတက်မှုကို တိုင်းတာရာတွင် နေပြည်တော်နှင့်သာ တွေ့ဆုံခြင်းမဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထင်ရှားသည့် ထိတွေ့ဆက်ဆံမှုများကို အခြေခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာလုစစ်အုပ်စုနှင့် ဆက်လက် ဆက်သွယ်ပြောဆို ဆောင်ရွက်မှုများ လုပ်ကိုင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးကို မဖြစ်မနေ ရယူရမည့် အခြေအနေတစ်ရပ်အဖြစ် ဦးစွာ သတ်မှတ်တောင်းဆိုရမည် APHR ၏သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-APHR Statement

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed