PSM(News)

ဇူလိုင် ၂၇ ၊ ၂၀၂၆

မြန်မာအာဏာလုစစ်အုပ်စုထံ ဝင်ငွေများ စီးဆင်းစေရန် ဆက်လက်ကူညီပေးနေသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ “နာမည်ပျက် စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) တွင် ထပ်မံထည့်သွင်းလိုက်ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်သည်။

မြန်မာစစ်အုပ်စုထံ ဝင်ငွေများ စီးဆင်းစေရန် ဆက်လက်ကူညီပေးနေသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ “ နာမည်ပျက် စီးပွားရေး လုပ်ငန်းများစာရင်း” (Dirty List) တွင် ထပ်မံထည့်သွင်းလိုက်ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်သည်။

အဆိုပါ ကုမ္ပဏီများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ လက်တွဲလုပ်ကိုင်ကာ စက်ပစ္စည်း ပံ့ပိုးပေးခြင်း၊ တူးဖော်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေး အပါအဝင် အရေးပါသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။

အာဏာလုစစ်အုပ်စုသည် MOGE မှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ အခွန်၊ လိုင်စင်ကြေးနှင့် အမြတ်ဝေစုများကို တရားမဝင် ကောက်ခံရရှိနေပြီး ယင်းဝင်ငွေများကို ပြည်သူ များအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် လိုအပ်သည့် စစ်လက်နက်နှင့် လေယာဉ်ဆီများ ဝယ်ယူ ရာတွင် အသုံးပြုနေကြောင်း JFM က ထောက်ပြထားသည်။

အဆိုပါ ရေနံဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် မိမိတို့ ပါဝင်လုပ်ကိုင်နေသည့် စီမံကိန်းများမှ စစ်အုပ်စုထံ ငွေပေးချေမှုများကို ဆိုင်းငံ့ထားရန် သို့မဟုတ် ဘဏ်အကောင့်များတွင် လုံခြုံစွာ ထိန်းသိမ်း ထားရန်နှင့် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများကို တာဝန်ယူမှုရှိစွာဖြင့် ရပ်တန့်ထွက်ခွာရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုထားသည်။

By Htet Ko

You missed