international news ဆူဒန်နိုင်ငံတွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြား February 19, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၆ ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်အပတ်အတွင်း နှစ်ရက်တာကာလအတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရသည့် သတင်းများအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့အကြား ဆူဒန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၄ ခုတွင် ဖြစ်ပွားခဲ့သော…
international news လေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာဥပဒေကြမ်းကိုအမေရိကန်အောက်လွှတ်တော်တွင်လာမည့်အပတ်၌ဆွေးနွေးမည် February 19, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက American Airlines (AAL.O) ၏ဒေသတွင်းပျံသန်းသောဂျက်လေယာဉ်တစ်စင်းနှင့် စစ်တပ်ပိုင် Black Hawk ရဟတ်ယာဉ်တို့ တိုက်မိရာမှ လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးပြီးနောက် အကြံပြုချက်ပေါင်း ဒါဇင်နှင့်ချီ၍ ထုတ်ပြန်ခဲ့သည်။…
Weather ယနေ့ ( ၁၉ – ၂ – ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ February 19, 2026 Htet Ko https://www.youtube.com/watch?v=jtzMpIp_d2k
daily-news ဗိုလ်နဂါးက မိသားစုဝင်များနှင့် ၎င်း၏နောက်လိုက်အချို့ကိုခေါ်ယူ၍ စစ်ကော်မရှင်နှင့်ပူးပေါင်း February 18, 2026 Htet Ko PSM News ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ၊ နောက်လိုက် လက်ရင်းတပည့်အချို့သည် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်ကော်မရှင်နှင့် ပူးပေါင်းသွား ကြောင်း သိရသည်။ နိုင်လင်း (ခေါ်) နဂါးနှင့် အဖွဲ့သည် ယနေ့ညနေ ၄…
daily-news ထားဝယ်မြို့နယ်ရှိ စစ်ကော်မရှင် တပ်စခန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ February 18, 2026 Htet Ko PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကော်မရှင်၏ (GTC) တပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကော် မရှင်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ…
daily-news မော်ဒယ် လုလုအောင်က ရခိုင်စစ်ဘေးရှောင် ကလေးငယ်များ နို့မှုန့်အာဟာရပြည့်၀စေရန် လှူဒါန်းမှုများ ပြုလုပ် February 18, 2026 Htet Ko PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ နို့စို့အရွယ်ကလေးငယ်များအတွက် နို့မှုန့်အာဟာရ ထောက်ပံ့နိုင်ရန် ရည်ရွယ်၍ မော်ဒယ်လ်နှင့် သရုပ် ဆောင် လုလုအောင် မိသားစုက ငွေကျပ် သိန်း ၃၀ တိတိကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုကို ရခိုင်ဒေသအတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် “အရွယ်စုံ…
international news အထူးလွှတ်တော် စတင်ခေါ်ယူ — တာကာအိချီ ဆာနာအဲကို ညပိုင်း ဝန်ကြီးချုပ် အဖြစ် ရွေးချယ်မည့် မဲခွဲ ရှိမည် February 18, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ဂျပန်နိုင်ငံတွင် အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ဖွင့်လှစ်သည့် အမှတ် ၂၂၁ အထူးလွှတ်တော်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ခေါ်ယူခဲ့သည်။ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌဖြစ်သူ တာကာအိချီ ကို ယနေ့မွန်းလွဲပိုင်း အောက်လွှတ်တော်တွင် ပြုလုပ်မည့် မဲခွဲရွေးချယ်မှုအတွင်း ဂျပန်နိုင်ငံ၏ ၁၀၅ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း…
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(18.2.2026) February 18, 2026 Htet Ko https://www.youtube.com/watch?v=k-BZYE9Jfdo
international news ပစိဖိတ်အရှေ့ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်ပြင်တို့တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး February 18, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (U.S. Southern Command) သည် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် ကာရစ်ဘီယံ ပင်လယ်ပြင်တို့ရှိ ရေယာဉ်အချို့ကို တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် စစ်တပ်၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် တိုက်ခိုက်မှုတွင် ၄…
international news Popcorn ထုပ်များအတွင်း တွားသွားသတ္တဝါများ ဝှက်ကာ ပါဆယ်ပို့ခဲ့သည့် ဆစ်ဒနီအမျိုးသားတစ်ဦး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ February 18, 2026 Htet Ko PSM NEWS ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ဩစတြေးလျနိုင်ငံမှ ရှားပါး တွားသွားသတ္တဝါများကို Popcorn ပြောင်းဖူးပေါက်ပေါက်ထုပ်များနှင့် မုန့်သေတ္တာများအတွင်း ဝှက်ကာ ပြည်ပသို့ ပါဆယ်ပို့ရန် ကြိုးပမ်းခဲ့သည့် ဆစ်ဒနီမြို့အခြေစိုက် အမျိုးသားတစ်ဦးအား ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် ချမှတ်ခဲ့သည့်…