PSM(News)

မေ ၂၈၊ ၂၀၂၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အခြေစိုက် ခလရ-၉၂ မှ အာဏာလုစစ်အုပ်စု၏ စစ်သားတစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃) ဖြစ်သော နတ်စစ်သည်တပ်ဖွဲ့ထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူမှာ အသက် ၃၁ နှစ်အရွယ် စစ်သား ပြည့်ဖြိုးအောင် ဖြစ်ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အာဏာလုအစိုးရ စစ်တပ်သို့ ပြည်သူ့စစ်မှုထမ်းအဖြစ် ရောက်ရှိကာ ရန်ကုန်တိုင်း၊ ဖောင်ကြီး (မင်းကုန်း) တွင် စစ်သင်တန်းတက်ရောက်ခဲ့သူ ဖြစ်သည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်းရှိ ညောင်ကျိုးနှင့် လေလံတောင် အစရှိသည့် နေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် နတ်စစ်သည်တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း စစ်သား ပြည့်ဖြိုးအောင် သည် စစ်အုပ်စုအတွက် အသက်ပေးတာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ခြင်းကြောင့်လည်းကောင်း၊ ပြည်သူလူထုအား အာဏာရှင်လက်အောက်မှ လွတ်မြောက်စေရန်အတွက်လည်းကောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင် တိုက်ပွဲဝင်သွားရန် ရည်ရွယ်ချက်ဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း နတ်စစ်သည်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-နတ်စစ်သည်

ပုံစာ-ပြည်သူ့စစ်မှုထမ်း စစ်သား ပြည့်ဖြိုးအောင်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *