Author: Htet Ko

ကလေးငယ်များ ကိုယ်လုံးတီးပုံများ ပေးပို့ခြင်းကို တားဆီးရန် Apple နှင့် Google ကို ဗြိတိန်ဝန်ကြီးချုပ် သုံးလ နောက်ဆုံးသတ်မှတ်ချက်ပေး

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ကလေးငယ်များ၏ စမတ်ဖုန်းများတွင် ကိုယ်လုံးတီးပုံများကို ရိုက်ကူးခြင်း၊ မျှဝေခြင်း သို့မဟုတ် ကြည့်ရှုခြင်း လုံးဝမပြုလုပ်နိုင်စေရန်အတွက် Apple နှင့် Google ကုမ္ပဏီနှစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က သုံးလအတွင်း အရေးယူဆောင်ရွက်ရန် နောက်ဆုံးသတ်မှတ်ချက်ပေးလိုက်သည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စက်ပစ္စည်းများတွင် ပါဝင်ပြီးဖြစ်သော စနစ်များကို အသက်သွင်းရန်…

ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း စပိန်ပါလီမန်တွင် ပုပ်ရဟန်းမင်းကြီး လီယို သတိပေး

PSM (NEWS) ဇွန် ၉၊၂၀၂၆ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပိုမိုနက်ရှိုင်းလာသည့် နိုင်ငံရေးအရ ကွဲပြားမှုများနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုမှုများကြောင့် ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက စပိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားစဉ် သတိပေးလိုက်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၏ ဦးဆောင်မှုလမ်းကြောင်းအပေါ် မကြာသေးမီက ပိုမိုပြင်းထန်သည့် လေသံဖြင့် ဝေဖန်ပြောဆိုလာသည့် ပုပ်ရဟန်းမင်းကြီးသည် ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုကိုလည်း…

ဖင်လန်နိုင်ငံတွင် ထိုင်းနိုင်ငံသား ဘယ်ရီသီးခူးသမားများကို လူကုန်ကူးမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်အား ထောင်ဒဏ်ချမှတ်

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ဖင်လန်နိုင်ငံရှိ တရားရုံးတစ်ခုသည် ဇွန်လ ၈ ရက် တနင်္လာနေ့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ထိုင်းနိုင်ငံသားများကို ဘယ်ရီသီးခူးရန် ဖင်လန်နိုင်ငံသို့ လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။ ဖင်လန်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း ဘယ်ရီသီးလုပ်ငန်းတွင် ရာသီအလိုက်လာရောက်လုပ်ကိုင်သူ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လာခဲ့သည်။…

သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြုံယမ်းမြို့၌ ခမ်းနားထည်ဝါစွာ ကြိုဆို

PSM(NEWS) ဇွန် ၉၊၂၀၂၆ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိလာရာ ပြုံယမ်း မြို့၌ အရောင်အသွေးစုံလင်လှပစွာဖြင့် ကြိုဆိုခဲ့ကြသည်။ လေဆိပ်သို့ ရောက်ရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးဖြစ်သူ ဖုန်လီယွမ် တို့အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူ တို့က လက်ဆွဲနှုတ်ဆက်…

လောင်းလုံးတွင် စစ်အုပ်စုစစ်ကြောင်းကို ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု များပြား

PSM(News) ဇွန် ၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်အုပ်စု တပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၉၀ ကျော်အသုံးပြုကာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသား တော်လှန်ရေးတပ်…

ကျောက်ဖြူတွင် ကာကင်းစခန်းအားလုံးကို AA သိမ်းပိုက်ပြီးနောက် တောင်မော်ဦးရေတပ် ပင်မစခန်း ကြီးကို ဆက်လက်ထိုးစစ်ဆင်နေ

PSM(News) ဇွန် ၈၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ပြီးနောက် ပင်မစခန်းမဟာဌာနချုပ်ကြီးအား ဆက်လက်၍ ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ AA သည် ပြီးခဲ့သည့် မေလကတည်းက တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုသတင်းပတ်အတွင်းတွင်မူ အဆိုပါရေတပ်စခန်း ပတ်ပတ်လည်၌ အခိုင်အမာ တပ်စွဲထားသည့်…

အင်းလေးတွင် PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံရ၊ ကွင်းဆက်ဖမ်းဆီးနိုင်ရန် စစ်အုပ်စုက ငွေကျပ်သိန်း ၁,၀၀၀ မက်လုံးပေး၍ လိုက်လံရှာဖွေနေသဖြင့် အရေးပေါ်ရှောင်တိမ်းရန် သတိပေး

PSM(News) ဇွန် ၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ (အင်းလေး) ဒေသတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ် ရေးတပ်မ တော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော် နှစ်ဦးမှာ ဒလန် သတင်းပေးမှုကြောင့် အာဏာလုစစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အာဏာလုစစ်အုပ်စုသည် အဆိုပါ ရဲဘော် နှစ်ဦးကို ဖမ်းဆီးပြီးနောက် ကွင်းဆက်လိုက်လံဖမ်းဆီးရန်…

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

PSM (NEWS) ဇွန် ၈ ၊ ၂၀၂၆ ယနေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ ဆာရန်ဂါနီပြည်နယ်အနီး ပင်လယ်ပြင်၌ ပြင်းအား ၇.၈ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာဌာန (PHIVOLCS-DOST) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၇ နာရီတွင် မားဆင်မြို့၏ တောင်-အနောက်တောင်ဘက်…

မလှိုင်တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် တစ်မိသားစုတည်းမှ မြေး အဘိုး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

(စစ်တပ်လော်ဘီများ၏ စွပ်စွဲချက်ကြောင့် နေ့ခင်းကြောင်တောင် ဗုံးကြဲ ခြင်းဖြစ်ကာ ကျောင်းသားငယ် ၃ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၅ ဦးအပါအဝင် ၁၅ ဦး ဆေးရုံတင်ထားရ) PSM(News) ဇွန် ၈ ၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသား သုံး ဦးအပါအဝင် အပြစ်မဲ့အရပ်သား…

ဟောင်ကောင်ရောက် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူများ၏ လိမ်လည်မှုကြောင့် ငွေကြေးသန်းပေါင်းများစွာ ဆုံးရှုံး

PSM (NEWS) ဇွန် ၈၊၂၀၂၆ ဟောင်ကောင်တွင် ပညာသင်ကြားနေသည့် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦးသည် ယခုနှစ် ပထမ (၃) လအတွင်း တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေး အရာရှိများအယောင်ဆောင်ထားသည့် လိမ်လည်သူများ၏ သားကောင်ဖြစ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လိမ်လည်မှုများထဲမှ အကြီးမားဆုံး ဖြစ်ရပ်တစ်ခုတွင် ဟောင်ကောင်ဒေါ်လာ (၈) သန်းကျော် (အမေရိကန်ဒေါ်လာ…

You missed