Author: Htet Ko

မြောင်မြို့တွင် စစ်ဆေးရေးဂိတ်တာဝန်ကျ တပ်ကြပ်ကြီး အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံး

PSM (News) ဩဂုတ် ၁၇ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့တွင် စစ်ဆေးရေးဂိတ် တာဝန်ယူထားသည့် အာဏာလု စစ်တပ်မှ တပ်ကြပ်ကြီး ဇော်ကြီး ဆိုသူသည် ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက Beauty Salon (အလှပြင်ဆိုင်) တစ်ခု၌ ခေါင်းလျှော်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ…

ရွာငံတွင် အာဏာလု စစ်အုပ်စုက ကျေးရွာ ၃ ရွာမှ ပြည်သူများကို မောင်းထုတ်ပြီး နေအိမ်များမှ ပစ္စည်းများအား ခိုးယူလုယက်နေ

PSM (News) ဩဂုတ် ၁၇ ၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော အာဏာလု စစ်အုပ်စုသည် ဒေသခံ ပြည်သူများကို နေအိမ်များမှ အဓမ္မ မောင်းထုတ်၍ ပစ္စည်းများကို ခိုးယူ လုယက်မှုများ ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်း(Danu-PDF)က ယမန်နေ့ ဩဂုတ်…

ငဖဲတွင် အာဏာလု စစ်တပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် CDF-Asho တပ်ဦးချုပ် အပါအဝင် ၃ ဦး ကျဆုံး

PSM (News) ဩဂုတ် ၁၇ ၊၂၀၂၆ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း၌ အာဏာလု စစ်တပ်၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ တပ်ဦးချုပ် အပါအဝင် တပ်ဖွဲ့ဝင် သုံး ဦး အသက်စွန့် ကျဆုံးခဲ့ရကြောင်း CDF-Asho က ယနေ့ ဩဂုတ် ၁၇ ရက် တွင်…

စစ်ဘေးရှောင်နှင့် ဒဏ်ရာရရဲဘော်များအား ကူညီနိုင်ရေး CRPH အဖွဲ့ ထိုင်းလွှတ်တော်အမတ်များနှင့် ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေး

PSM (News) ဩဂုတ် ၁၇၊၂၀၂၆ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့သည် ထိုင်းလွှတ်တော်အမတ်များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများ ပညာဆက်လက် သင်ကြားနိုင်ရေး…

နိုင်ငံတစ်ဝန်း မိုးဆက်လက် အားကောင်းမည်၊ ရခိုင်တွင် မိုးအလွန်သည်းထန်နိုင်ပြီး ဧရာဝတီမြစ်ရေ အောက်ပိုင်းရှိ ဒေသများ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေဦးမည်

PSM (News) ၁၇ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဝင်ရောက်နေပြီး ရခိုင်ပြည်နယ်တွင် မိုးအလွန် သည်းထန်နိုင်ကာ နိုင်ငံတစ်ဝန်း မိုးဆက်လက် ပိုမိုရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ မိုးလေဝသ ခန့်မှန်းမော်ဒယ်များအရ သိရသည်။ မိုးရွာသွန်းမှု အခြေအနေ ရခိုင်ပြည်နယ်တွင် မိုးအလွန်သည်းထန်ကာ…

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်းနှင့် ရေဘေးဒဏ်ကြောင့် လူ ခြောက်ဦး သေဆုံး

PSM (News) ဩဂုတ် ၁၇၊၂၀၂၆ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်းနှင့် ရေဘေးဒဏ်ကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် လူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုကဲ့သို့ မုန်တိုင်းစတင်တိုက်ခတ်ခဲ့သည့် အင်္ဂါနေ့မှစတင်ကာ အဆိုပါ ကလေးငယ်အပြင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦး…

ရုရှားနိုင်ငံအပေါ် ယူကရိန်း၏ အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာလူအမြောက်အမြား သေဆုံး

PSM (News) ဩဂုတ် ၁၇၊၂၀၂၆ ယူကရိန်းနိုင်ငံသည် စစ်ပွဲစတင် ကတည်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး မော်စကိုမြို့အနီးရှိ ကုန်စည်ဖြန့်ဖြူးရေး ဂိုဒေါင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ တစ်ညတာအတွင်း လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောဆိုခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ဒရုန်း ၈၂၂ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသော်လည်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်က မြို့တော်ဒေသဆီသို့…

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့‌ သောငလျင်ကြောင့် လူ ၅၃ ဦး သေဆုံး

PSM(News) ဩဂုတ် ၁၇၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသတွင် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ပြင်းအား ၇.၇ အဆင့်ရှိ အပြင်းစားငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၃ ဦး သေဆုံးကာ လူပေါင်း ၅,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒဏ်ရာရသူ ၁၃၀ ကျော် ရှိလာခဲ့ကြောင်း အာဏာပိုင်များက…

ထိုင်းနိုင်ငံ၊ပထုံထာနီတွင် ညလုံးပေါက် အားသွင်းထားသည့် ဇိမ်ခံကား မီးလောင်ကျွမ်း

PSM (News) ဩဂုတ် ၁၇ ၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ပထုံထာနီပြည်နယ်ရှိ အိမ်ရာတစ်ခုတွင် ညလုံးပေါက် အားသွင်းထားခဲ့သည့် ဘတ်ငွေ ၁ သန်းကျော်တန်ဖိုးရှိ ဇိမ်ခံဟိုက်ဘရစ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့‌သည်။ ခလောင်းလုံခရိုင်ရှိ အဆိုပါဖြစ်စဉ်အတွက် ဒေသန္တရအုပ်ချုပ်ရေးမှူး ဒေါက်တာ ဝီရာဆက် ဟာဒ သည် မီးသတ်ယာဉ်နှစ်စီးဖြင့် ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့ရာ တစ်နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ကား၏ ယာဉ်မောင်းခန်းမှာ ဆိုးဝါးစွာ ပျက်စီးခဲ့သည်။…

မိုးမိတ်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာ၍ မန်တုံ-မိုးမိတ် နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းများကို KIA ယာယီ ပိတ်ပင်

PSM (News) ၁၆ ဩဂုတ် ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာလုစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) / KPDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် အများပြည်သူနှင့် ခရီးသွားများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် မန်တုံ-မိုးမိတ် လမ်းပိုင်း နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်း တို့ကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့မှစ၍ ယာယီ…