PSM (News)

ဩဂုတ် ၁၇၊၂၀၂၆

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်းနှင့် ရေဘေးဒဏ်ကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် လူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ မုန်တိုင်းစတင်တိုက်ခတ်ခဲ့သည့် အင်္ဂါနေ့မှစတင်ကာ အဆိုပါ ကလေးငယ်အပြင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း အင်ဒီယားနားပြည်နယ် အရေးပေါ် လုပ်ငန်းလည်ပတ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။

ဒယ်လာဝဲကောင်တီတွင် နှစ်ဦးသေဆုံးခဲ့ပြီးဂျက်နင်းစ်ကောင်တီလိတ်ကောင်တီ၊ပေါ်တာကောင်တီနှင့်လာပေါ်တေးကောင်တီတို့တွင် တစ်ဦးစီ သေဆုံးခဲ့ကြောင်း အဆိုပါဗဟိုဌာနက ဆိုသည်။

အင်္ဂါနေ့က မုန်တိုင်းများသည် အီလီနွိုက်၊ အင်ဒီယားနား၊ အိုဟိုင်းအိုးနှင့် ကန်တပ်ကီ ပြည်နယ်များအတွင်းသို့ ဖြတ်သန်းတိုက်ခတ်ခဲ့စဉ် လျှပ်စစ်မီးသုံးစွဲသူ တစ်သန်းနီးပါး မီးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *