PSM (News)

ဩဂုတ် ၁၇ ၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ပထုံထာနီပြည်နယ်ရှိ အိမ်ရာတစ်ခုတွင် ညလုံးပေါက် အားသွင်းထားခဲ့သည့် ဘတ်ငွေ ၁ သန်းကျော်တန်ဖိုးရှိ ဇိမ်ခံဟိုက်ဘရစ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့‌သည်။

ခလောင်းလုံခရိုင်ရှိ အဆိုပါဖြစ်စဉ်အတွက် ဒေသန္တရအုပ်ချုပ်ရေးမှူး ဒေါက်တာ ဝီရာဆက် ဟာဒ သည် မီးသတ်ယာဉ်နှစ်စီးဖြင့် ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့ရာ တစ်နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ကား၏ ယာဉ်မောင်းခန်းမှာ ဆိုးဝါးစွာ ပျက်စီးခဲ့သည်။

အသက် ၃၆ နှစ်အရွယ် ကားပိုင်ရှင်က သြဂုတ်လ ၁၅ ရက် ည ၁၀ နာရီတွင် အိမ်ပြန်ရောက်ပြီး ကားအားသွင်းကာ အိပ်စက်ခဲ့ကြောင်း၊ နံနက် ၈ နာရီတွင် လုံခြုံရေးဝန်ထမ်းက လာရောက်သတိပေးမှသာ ကားမှ မီးခိုးထွက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပိုင်ရှင်က အားသွင်းကြိုးကိုဖြုတ်ကာ တံခါးဖွင့်လိုက်ရာ မီးခိုးလုံးကြီးများ ထွက်လာခဲ့သည်။ ဟိုက်ဘရစ်ဘက်ထရီ အပူလွန်ကဲခြင်း သို့မဟုတ် စနစ်ပိုင်းချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း တိကျသောအကြောင်းရင်းကို မသိရသေးပေ။ မီးမလောင်မီက ကား၏ Dashboard တွင် မည်သည့်သတိပေးချက်မျှ တက်မလာခဲ့ကြောင်း သိရသည်။

အဆိုပါကားမှာ လေးနှစ်ခန့် သက်တမ်းရှိ တစ်ပတ်ရစ်ကားဖြစ်ပြီး ပိုင်ရှင်မှာ နှစ်နှစ်ခန့် မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ ပိုင်ရှင်က အာမခံကုမ္ပဏီသို့ အကြောင်းကြားထားပြီး ကားကို ပြန်လည်ပြုပြင်နိုင်ခဲ့လျှင်တောင် စိတ်ချလက်ချ မောင်းနှင်ရဲတော့မည်မဟုတ်ကြောင်း ဆိုသည်။

ကိုးကား – Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *