PSM(News) ဩဂုတ် ၁၇၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသတွင် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ပြင်းအား ၇.၇ အဆင့်ရှိ အပြင်းစားငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၃ ဦး သေဆုံးကာ လူပေါင်း ၅,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒဏ်ရာရသူ ၁၃၀ ကျော် ရှိလာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်ပေါင်း တစ်ထောင်နီးပါး ဆက်လက်လှုပ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများမှာ ငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။ လက်ရှိတွင် အပျက်အစီးများအောက် ပိတ်မိနေသူများကို ရှာဖွေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို စေလွှတ်ချထားပေးပြီး အရှေ့နူဆာ တင်ဂါရာ ပြည်နယ် အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားသည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံ၊ပထုံထာနီတွင် ညလုံးပေါက် အားသွင်းထားသည့် ဇိမ်ခံကား မီးလောင်ကျွမ်း ရုရှားနိုင်ငံအပေါ် ယူကရိန်း၏ အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာလူအမြောက်အမြား သေဆုံး