PSM (News) ဩဂုတ် ၂၅၊၂၀၂၆ မလေးရှားနိုင်ငံ၊ ဆူဘန်းဂျာရာ (Subang Jaya) မြို့ရှိ အပန်းဖြေဥယျာဉ်တစ်ခုတွင် ရိုလာကိုစတာ စီးနင်းမှု မတော်တဆဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ခရိုင်ရဲမှူးကြီး အေစီပီ ဝမ် အဇ္ဇလန် ဝမ် မာမတ် ၏ ပြောကြားချက်အရ အဆိုပါဖြစ်ရပ်သည် စနေနေ့ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တနင်္ဂနွေနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ မတော်တဆမှု ဖြစ်ပွားစဉ်အချိန်က အသက် ၁၁ နှစ်နှင့် ၄၄ နှစ်ကြားရှိ ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများ အပါအဝင် စုစုပေါင်း လူ ၂၂ ဦး လိုက်ပါစီးနင်းခဲ့ကြသည်။ “သူတို့တွေထဲက လူ ၁၀ ဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး ဆူဘန်းဂျာရာခရိုင်အတွင်းရှိ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ကုသပေးခဲ့ပါတယ်” ဟု ၎င်းက တနင်္လာနေ့ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူအားလုံးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများသာဖြစ်ပြီး အသက်အန္တရာယ် ဆုံးရှုံးမှု မရှိကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကောလာဟလများ မထုတ်ကြရန် တိုက်တွန်းထားသည်။ ကိုးကား-Malay Mail Post navigation ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု စည်းမျဉ်းများကို ဖောက်ဖျက်ပါက အရေးယူမည်ဟု အီရန် သတိပေး ရုရှားအွန်လိုင်းလက်လီရောင်းချရေးလုပ်ငန်းများကို တိုက်ခိုက်မှုများ တိုးမြှင့်လာစဉ် ယူကရိန်းက Ozon ကိုပါ ပစ်မှတ်ထားလာ