PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘိုသောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးပိုင် စက်ရုံတစ်ရုံသည် ၎င်း၏စက်ရုံအနောက်ဘက်တွင် စက်ရုံစွန့်ပစ်ပစ္စည်းများကို မြေမြှုပ်ဖျောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံရမှုဖြင့် အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ ဓာတ်ငွေ့မီးဖိုများ ထုတ်လုပ်သည့် အဆိုပါစက်ရုံသည် လိုအပ်သော စက်ရုံလိုင်စင် မရှိဘဲ လည်ပတ်နေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အာဏာပိုင်များသည် မြေမြှုပ်ထားသော စွန့်ပစ်ပစ္စည်းများကို တူးဖော်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်အတောက် သို့မဟုတ် အန္တရာယ်ရှိပစ္စည်းများ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးရန် ဓာတ်ခွဲနမူနာများကို ကောက်ယူခဲ့ကြသည်။ ထို့ပြင် အာဏာပိုင်များသည် အဆိုပါစက်ရုံအား လုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး၊ လိုအပ်သော လိုင်စင်များရယူရန်နှင့် ခရိုင်စက်ရုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားထားသည်။ ကိုးကား-Khaosod Post navigation ပါကစ္စတန် စစ်ဦးစီးချုပ် တီဟီရန်မြို့သို့ တနင်္လာနေ့တွင် သွားရောက်မည် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု စည်းမျဉ်းများကို ဖောက်ဖျက်ပါက အရေးယူမည်ဟု အီရန် သတိပေး