international news ထိုင်းနိုင်ငံ၊ချာနာ စက်မှုဇုန်စီမံကိန်းကို ဒေသခံလူထု ထောက်ခံအားပေးပြီး တောင်းဆိုချက် (၅) ရပ် တင်ပြ September 2, 2026 Htet Ko PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ထိုင်းနိုင်ငံ၊ချာနာ စံပြရပ်ရွာအသိုက်အဝန်းမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော်က ချာနာ စက်မှုဇုန်စီမံကိန်းကို ထောက်ခံအားပေးကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဝန်ကြီးချုပ် အာနုတင် ချန်ဝီရကူးထံ တောင်းဆိုချက် ငါးရပ်တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါတောင်းဆိုချက်များတွင် ရပ်ရွာပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေး၊ ဒေသခံများအတွက် အလုပ်အကိုင်…
international news ဟော်မုဇ်ရေလက်ကြားသည် မကြာမီ တန်ဖိုးမရှိတော့သည့် ရေပြင်ဖြစ်လာမည်ဟု အမေရိကန် သတိပေး September 2, 2026 Htet Ko PSM (News) စက်တင်ဘာ ၂၊၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ဟော်မုဇ်ရေလက်ကြားကို အခြားသော ရေနံပိုက်လိုင်းများဖြင့် လမ်းကြောင်းလွှဲသွားမည်ဖြစ်ရာ ယင်းရေလက်ကြားသည် မကြာမီကာလအတွင်း တန်ဖိုးမရှိတော့သည့် ရေပြင်မျှသာ ဖြစ်လာလိမ့်မည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်ကစက်တင်ဘာလ(၁)ရက်နေ့တွင်ပြောကြားလိုက်သည်။ ဖေဖော်ဝါရီလအတွင်းက အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း…
international news ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အား အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ လူသိရှင်ကြား တိုက်တွန်း September 2, 2026 Htet Ko PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လူသိရှင်ကြား တိုက်တွန်းပြောကြားလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏သီးသန့်ဆွေးနွေးပွဲများအတွင်း အိန္ဒိယဝန်ကြီးချုပ်က ရုရှားသမ္မတအား ယူကရိန်းအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်ရန်နှင့် ရန်လိုမှုများကို ရပ်စဲရန် အတိအလင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ…
international news အာနုထင်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများတွင် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ကတိပြု September 2, 2026 Htet Ko PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ဝန်ကြီးချုပ် အာနုထင် ချန်ဗီရာကူလ်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများရှိ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မငြိမ်မသက်မှုများကို ဖြေရှင်းရန်အတွက် အစိုးရဌာန အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး ကဏ္ဍများတွင် ဒေသခံ လူထုအသိုက်အဝန်းများက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် တံခါးပိတ်မထားသင့်ကြောင်း၊…
daily-news မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းနှင့် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး အရာခံဗိုလ် အပါအဝင် ၅ ဦး သေဆုံး September 1, 2026 Htet Ko PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ မကွေးတိုင်း၊ မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းနှင့် ပျူစောထီး ဂိတ်စခန်း တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာခံဗိုလ် အပါအဝင် ငါး ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃) – ငါးပြေမ တပ်ရင်းထံမှ သိရသည်။ မကွေး-နတ်မောက်…
daily-news ရန်ကုန်တွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံး/ဖမ်းဆီးခံနေရပြီး စစ်တပ်ထံ ရောင်းစားသည့် အရံမီးသတ်အရာရှိ နေအိမ် အချုပ်ခန်း စီးနင်းခံရ September 1, 2026 Htet Ko PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေခြင်းနှင့် လမ်းပေါ်တွင် ရမ်းသမ်းဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လျက် ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊…
daily-news တောင်တရုတ်ပင်လယ် အပူပိုင်းမုန်တိုင်းငယ်နှင့် မုတ်သုံမြောင်တန်းကြောင့် မိုးဆက်လက်သည်းထန်နိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင် September 1, 2026 Htet Ko PSM(News) စက်တင်ဘာ ၁ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်ကမ်းလွန်ရှိ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)၊ ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံမြောင်တန်းတို့ကြောင့် လာမည့် ၃ ရက်အတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ဂြိုဟ်တုပုံရိပ်များနှင့် စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ မုတ်သုံမြောင်တန်းနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ၏…
daily-news ရွှေကူတွင် စစ်အုပ်စု၏ ခြေကုပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်၊ စင်းခန်းတံတားဘက်သို့ ထိုးစစ်ဆင်မှုကို ဟန့်တားထားနိုင် September 1, 2026 Htet Ko PSM(News) စက်တင်ဘာ ၁ ရက် တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အာဏာလုစစ်အုပ်စု၏ ခြေကုပ် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အနောက်ဘက်ရှိ စစ်တပ် အထိုင်ချထားသော ခြေကုပ်စခန်းကုန်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက…
international news ဆီနာဘန်း မီးတောင် ပြန်လည်ပေါက်ကွဲ၊ အင်ဒိုနီးရှား အာဏာပိုင်များ သတိပေးချက်ထုတ်ပြန် September 1, 2026 Htet Ko PSM (News) စက်တင်ဘာ ၁၊၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာပြည်နယ်၊ ကာရိုကုန်းပြင်မြင့်ရှိဆီနာဘန်း (Mount Sinabung)မီးတောင်သည် တနင်္လာနေ့တွင် အပြင်းအထန် ပေါက်ကွဲခဲ့ပြီး ကောင်းကင်ယံသို့ ၃.၅ ကီလိုမီတာ အမြင့်အထိ မီးတောင်ပြာများကို မှုတ်ထုတ်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားဘူမိဗေဒအေဂျင်စီက သတင်းထုတ်ပြန်လိုက်သည်။ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၇ မိနစ်တွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ အမည်းရောင်ရှိသော ထူထဲသည့်…
international news အစ္စရေးနှင့် ဂရိနိုင်ငံတို့ ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် လက်နက်သဘောတူညီချက် ‘Achilles Shield’ ကို လက်မှတ်ရေးထိုး September 1, 2026 Htet Ko PSM (News) စက်တင်ဘာ ၁၊၂၀၂၆ ဂရိနိုင်ငံသည်တူရကီနိုင်ငံနှင့် ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုများကြားတွင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင် မြှင့်တင်ရန် အဓိကထားဆောင်ရွက်နေသည်။ ဂရိနိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ ယူရို ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်) တန်ဖိုးရှိသည့် သမိုင်းတလျှောက် အကြီးမားဆုံး ကာကွယ်ရေးလက်နက် တင်ပို့ရောင်းချရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။ “Achilles…