PSM (News)

စက်တင်ဘာ ၂၊၂၀၂၆

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ဟော်မုဇ်ရေလက်ကြားကို အခြားသော ရေနံပိုက်လိုင်းများဖြင့် လမ်းကြောင်းလွှဲသွားမည်ဖြစ်ရာ ယင်းရေလက်ကြားသည် မကြာမီကာလအတွင်း တန်ဖိုးမရှိတော့သည့် ရေပြင်မျှသာ ဖြစ်လာလိမ့်မည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်ကစက်တင်ဘာလ(၁)ရက်နေ့တွင်ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလအတွင်းက အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း အကြီးအကျယ် ရှုပ်ထွေးဆူပူမှုများ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုကိုပါ တွန်းအားပေးလျက်ရှိသည်။

အခြားသော ရေနံပိုက်လိုင်းများဖြင့် လမ်းကြောင်းလွှဲ၍ အစားထိုးနိုင်မည့် အစီအစဉ်များကြောင့် လာမည့် နှစ်နှစ်အတွင်း တွင် ဟော်မုဇ်ရေလက်ကြားသည် ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါမှု ကင်းမဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ G20 ဝန်ကြီးများအစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင်မဟာမိတ်နိုင်ငံများ၏ အပြည့်အဝထောက်ခံမှုကို ရရှိထားသဖြင့် အီရန်နိုင်ငံအပေါ် အသစ်ထပ်မံသည့် စီးပွားရေးပိတ်ဆို့မှုများကို ယခုသီတင်းပတ် သို့မဟုတ် နောင်လာမည့်သီတင်းပတ်တွင် ကြေညာသွားဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုးကား-The Indepedent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *