PSM (News)

စက်တင်ဘာ ၂၊၂၀၂၆

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လူသိရှင်ကြား တိုက်တွန်းပြောကြားလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏သီးသန့်ဆွေးနွေးပွဲများအတွင်း အိန္ဒိယဝန်ကြီးချုပ်က ရုရှားသမ္မတအား ယူကရိန်းအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်ရန်နှင့် ရန်လိုမှုများကို ရပ်စဲရန် အတိအလင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ အိန္ဒိယနိုင်ငံသည် ရုရှားထံမှ ရေနံစိမ်းတင်သွင်းမှုများကို သိသာစွာ တိုးမြှင့်ခဲ့ပြီး နိုင်ငံတကာ ဈေးကွက်သို့ ပြန်လည်တင်ပို့ရောင်းချခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်များ ရရှိခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ကမ္ဘာ့ခေါင်းဆောင်အချို့က ပဋိပက္ခကို အဆုံးသတ်ရန် ဖိအားပေးလာကြသည့် အနေအထားများ ရှိနေကြောင်း သုံးသပ်ဖော်ပြထားသည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *