PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ မကွေးတိုင်း၊ မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းနှင့် ပျူစောထီး ဂိတ်စခန်း တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာခံဗိုလ် အပါအဝင် ငါး ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃) – ငါးပြေမ တပ်ရင်းထံမှ သိရသည်။ မကွေး-နတ်မောက် လမ်းပိုင်းရှိ ကြာကန်ကျေးရွာနှင့် ပုဂံမျှော်ကျေးရွာအကြား၌ မောင်းနှင်လာသည့် စစ်ယာဉ်တန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီခန့်က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုဂံမျှော် ပျူစောထီး စခန်းဂိတ်ကိုလည်း ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အရာခံဗိုလ် တစ် ဦးနှင့် တပ်သား လေး ဦး သေဆုံးကာ တပ်ကြပ် တစ် ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စစ်ကားတစ်စီး ထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် ပုဂံမျှော် ပျူစောထီးဂိတ်အတွင်းသို့ ၆၀ မမ လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ငါးပြေမတပ်ရင်းမှ တော်လှန်ရေးရဲဘော် တစ် ဦး ကျဆုံးခဲ့ပြီး ရဲဘော် တစ် ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်။ ပြည်သူများအနေဖြင့် စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် အနီးကပ် သွားလာနေထိုင်ခြင်း မပြုကြရန်နှင့် တော်လှန် ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို တွေ့ရှိပါက သတင်းလုံခြုံရေး အထူးသတိထား စောင့်ထိန်းပေးကြရန် သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းက မေတ္တာရပ်ခံထားသည်။ ဓာတ်ပုံ-သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်း Post navigation ရန်ကုန်တွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံး/ဖမ်းဆီးခံနေရပြီး စစ်တပ်ထံ ရောင်းစားသည့် အရံမီးသတ်အရာရှိ နေအိမ် အချုပ်ခန်း စီးနင်းခံရ အနောက်တောင်မုတ်သုံလေ အားကောင်းသဖြင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးသည်းထန်စွာ ရွာနိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ် ကျော်လွန်နေ