Month: September 2026

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်းက အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး တိုက်တွန်း

PSM (News) စက်တင်ဘာ၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် သင့်လျော်သော အခြေအနေများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေးများအစည်းအဝေးတွင် သမ္မတလီက နှစ်နိုင်ငံအကြား ရင်ဆိုင်တိုက်ခိုက်နေသည့် အခြေအနေကို ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် စစ်ရပ်စဲရေးစနစ်ကို ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးစနစ် တစ်ရပ်အဖြစ်သို့…

ထိုင်းနိုင်ငံ ကမ်ဖိန်ဖက်ခရိုင် ကျောင်းတစ်ကျောင်းတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး သေနတ်ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရ

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကမ်ဖိန်ဖက် (Kamphaeng Phet) ခရိုင်ရှိ ကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဟူးနေ့ က အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင်လူထိခိုက်သေဆုံးမှုမရှိကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒေသတွင်း သတင်းဖော်ပြချက်များအရ အဆိုပါ အလယ်တန်းအဆင့် (Grade 9) ကျောင်းသားသည် ကျောင်းတွင်ဖျက်ဆီးရေးလုပ်ရပ်တစ်ခု လုပ်ဆောင်ရန်…

တိဘက် ရေဘေးသင့်ဒေသသို့ သွားရောက်သည့်လမ်းမကြီးကို တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ပြင်းထန်သော ရေကြီးမြေပြိုမှုများကြောင့် ပျက်စီးသွားခဲ့သည့် တရုတ်နိုင်ငံ၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နီပေါနယ်စပ်သို့သွားရောက်သည့်တစ်ခုတည်းသောလမ်းကြောင်းကိုတရုတ်အစိုးရကစက်တင်ဘာ၂ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ G216အမျိုးသားအဝေးပြေးလမ်းမကြီးပြန်လည်ပွင့်လာခြင်းကြောင့်ကယ်ဆယ်ရေးလုပ်ငန်းသုံးလေးလံသည့်စက်ယန္တရားကြီးများနှင့်ထောက်ပံ့ရေးပစ္စည်းများကိုဘေးသင့်ရာအဓိကဒေသသို့ပထမဆုံးအကြိမ်အဖြစ်တင်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလွှင့်ဌာနကဖော်ပြခဲ့သည်။ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် ကျဉ်းမြောင်းသည့် တောင်ကြားလမ်းအနေအထားတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သော်လည်း အသက်ရှူသံထောက်လှမ်းသည့် ကိရိယာများနှင့် ရှာဖွေရေးခွေးများကို အသုံးပြုကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။…

USS Abraham Lincoln လေယာဉ်တင်သင်္ဘော ထိုင်းသို့ ရောက်ရှိ

PSM (News) စက်တင်ဘာ ၂ ၊၂၀၂၆ ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၈၆ ရက်ကြာ ကင်းလှည့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်ပါ အမေရိကန်ရေတပ်နှင့် မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်သည် စက်တင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါလေယာဉ်တင်သင်္ဘောသည် ရက်ပေါင်း ၅ ရက်ကြာ…

ဘန်ကောက်တွင် တရားမဝင် ကုမ္ပဏီဘဏ်စာရင်း ကွန်ရက်ပွဲစား အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

PSM(News) စက်တင်ဘာ ၃၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကုမ္ပဏီငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုသည့် တရားမဝင်ဘဏ်စာရင်း များအတွက် ပွဲစားအဖြစ် လုပ်ကိုင်ခဲ့သည်ဟုစွပ်စွဲခံရသောအသက်၃၁နှစ်အရွယ်အမျိုးသမီးတစ်ဦးကိုဗုဒ္ဓဟူးနေ့တွင်ဆိုက်ဘာရဲတပ်ဖွဲ့ကဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။ အဆိုပါသံသယရှိသူ ကူညီပေးခဲ့သော ဘဏ်စာရင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနည်းဆုံး လိမ်လည်မှု ၂၇ မှုနှင့် ဆက်စပ်နေပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ထုတ်ဖော်ပြောကြားသည်။ စစ်ဆေးချက်များအရ အဆိုပါအမျိုးသမီးသည် အမှန်တကယ် လုပ်ငန်းလည်ပတ်ခြင်းမရှိသော ကုမ္ပဏီအကန့်အသတ်ဖြင့်…

မော်ချီးမြို့ပေါ်ကို အာဏာလု စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံး

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ ခဲမဖြူ နှင့် အဖြိုက်နက် သတ္ထုများ ထွက်ရှိသည့် ကရင်နီပြည်နယ်၊ မော်ချီးမြို့ပေါ်သို့ အာဏာလု စစ်အုပ်စု က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် အရပ်သား ခြောက် ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။…

ရွှေကူတွင် အာဏာလု စစ်အုပ်စု စစ်ရေယာဉ် ၄ စီး ပျက်စီးပြီး စစ်သား ၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ

PSM(News) စက်တင်ဘာ ၂ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ် လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘော နှစ် စီးပေါ်ရှိ စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်…

တော်လှန်ရေး အရှိန်မြှင့်ရန် နေပြည်တော်တပ်ရင်း ၈၀၈ ရဲဘော်သစ်များ စတင်ခေါ်ယူ

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်း စစ်ဌာန၊ ဗျူဟာ (၁၉) လက်အောက်ခံ နေပြည်တော်တပ်ရင်း (၈၀၈)သည် တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရဲဘော်သစ်များ စတင်ခေါ်ယူနေကြောင်း ယမန်နေ့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည်။ အာဏာလု…

ထားဝယ်တွင် ပျူစောထီး ခေါင်းဆောင်နှင့် ဇနီးဖြစ်သူ တိုက်ခိုက်ခံရပြီး သေဆုံး၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိ

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ထံမှ သိရသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ပျူစောထီး ခေါင်းဆောင် ကိုထွန်းဝင်း (ခ) ကိုလူမဲ၏ နေအိမ်အတွင်းသို့ အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ရဲဘော်များက…

အနောက်တောင်မုတ်သုံလေ အားကောင်းသဖြင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးသည်းထန်စွာ ရွာနိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ် ကျော်လွန်နေ

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ် ပင်လယ်အတွင်း ပြန်လည်အားကောင်းလာသည့် တိုင်ဖွန်းမုန်တိုင်း ဆောင်ဒယ် (SAUDEL) တို့၏ ဆွဲအားကြောင့် အနောက်တောင်မုတ်သုံလေမှာ ပိုမိုအားကောင်းလျက်ရှိကြောင်း အိန္ဒိယမိုး လေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။ မုတ်သုံမြောင်းတန်းသည် ရခိုင်၊ မကွေး၊ ပဲခူး၊…