PSM (News) စက်တင်ဘာ ၁၊၂၀၂၆ ဂရိနိုင်ငံသည်တူရကီနိုင်ငံနှင့် ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုများကြားတွင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင် မြှင့်တင်ရန် အဓိကထားဆောင်ရွက်နေသည်။ ဂရိနိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ ယူရို ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်) တန်ဖိုးရှိသည့် သမိုင်းတလျှောက် အကြီးမားဆုံး ကာကွယ်ရေးလက်နက် တင်ပို့ရောင်းချရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။ “Achilles Shield” ဟု အမည်ပေးထားသည့် ယခုသဘောတူညီချက်တွင် အစ္စရေးနိုင်ငံ၏ နည်းပညာများကို အသုံးပြု၍ ဂရိနိုင်ငံအတွက် အလွှာစုံပါဝင်သည့် လေကြောင်းကာကွယ်ရေးစနစ် တည်ဆောက်ခြင်း အပါအဝင် ဒုံးကျည်ကာကွယ်ရေးစနစ် အစုံအလင်ကို ပထမဆုံးအကြိမ် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ထို့အပြင် Rafael၏ ဒရုန်းဖျက်ဆီးရေးစနစ် (Drone Dome) များအတွက် ယူရို ၂၆ သန်း (အမေရိကန်ဒေါ်လာ သန်း ၃၀) တန်ဖိုးရှိ နောက်ဆက်တွဲ စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ အစ္စရေး၏ ကာကွယ်ရေးလက်နက် တင်ပို့မှုမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် (၂၀၂၄ ခုနှစ်ထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာမှု) အထိ ရှိလာခဲ့ကာ ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဗြိတိန်နိုင်ငံကို ကျော်ဖြတ်ကာ သတ္တမမြောက် အကြီးဆုံး တင်ပို့သူအဖြစ် ရပ်တည်လျက်ရှိကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ၏ အစီရင်ခံစာအရ သိရသည်။ ဒေသတွင်း မဟာဗျူဟာမြတ် ရည်မှန်းချက်များ: အရှေ့အလယ်ပိုင်းနှင့် မြေထဲပင်လယ်ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ကြိုးပမ်းနေသည့် အင်အားစုများကို ရင်ဆိုင်ရာတွင် အစ္စရေးနှင့် ဂရိတို့သည် ဘုံမဟာဗျူဟာမြောက် အကျိုးစီးပွားများကို မျှဝေခံစားနေကြကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ပြောကြားခဲ့သည်။ ခေတ်သစ်စစ်ပွဲများ၊ ဒုံးကျည်နည်းပညာများ၊ ဒရုန်းများနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများကြောင့် ရှေးဟောင်းကာကွယ်ရေး မူဝါဒများမှာ လက်တွေ့မကျတော့ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကို့စ် ဒန်ဒီယတ်စ် က အလေးအနက် ပြောကြားခဲ့သည်။ ကိုးကား-The Independent Post navigation ထိုင်းနိုင်ငံ၊နာခွန်ဖနွမ်ခရိုင်တွင် အလုပ်ခန့်အပ်မှု စာမေးပွဲ မမှန်မကန်လုပ်ဆောင်မှုဖြင့် ဒေသန္တရအရာရှိ ၄၇ ဦး ရာထူးမှ ထုတ်ပယ်ခံရ ဆီနာဘန်း မီးတောင် ပြန်လည်ပေါက်ကွဲ၊ အင်ဒိုနီးရှား အာဏာပိုင်များ သတိပေးချက်ထုတ်ပြန်