PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ဝန်ကြီးချုပ် အာနုထင် ချန်ဗီရာကူလ်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများရှိ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မငြိမ်မသက်မှုများကို ဖြေရှင်းရန်အတွက် အစိုးရဌာန အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး ကဏ္ဍများတွင် ဒေသခံ လူထုအသိုက်အဝန်းများက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် တံခါးပိတ်မထားသင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ တင်းတင်းကျပ်ကျပ် အရေးယူသွားမည်ဖြစ်ကြောင်း အာနုထင်က အလေးပေးပြောကြားခဲ့သည်။ နှစ်ပေါင်း ၃၀ မှ ၄၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော ပဋိပက္ခတစ်ရပ်ကို တစ်ညတည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ၎င်းက ဝန်ခံပြောကြားခဲ့သော်လည်း နည်းလမ်းသစ်ကြောင့် အခြေအနေများ တိုးတက်လာလိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။ ယခုမူဝါဒသည် ၎င်း၏ ဘူမ်ဂျိုင်းထိုင်းပါတီအတွက် မဲဆန္ဒနယ်များ ပိုမိုအနိုင်ရရှိရန် ရည်ရွယ်သည်ဟူသော ဝေဖန်ချက်များကို ပယ်ချခဲ့ပြီး တောင်ပိုင်းစွန်း ပြည်နယ်သုံးခုတွင် ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်နှင့် စီးပွားရေးနှင့် လူနေမှုဘဝ အရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းသည် မည်သူမဆို မည်ကဲ့သို့ မဲပေးကြသည်ဖြစ်စေ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဖြစ်ကြောင်း အာနုထင်က ပြောကြားခဲ့သည်။ ကိုးကား-Khaosod Post navigation ဆီနာဘန်း မီးတောင် ပြန်လည်ပေါက်ကွဲ၊ အင်ဒိုနီးရှား အာဏာပိုင်များ သတိပေးချက်ထုတ်ပြန် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အား အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ လူသိရှင်ကြား တိုက်တွန်း