PSM (News) စက်တင်ဘာ ၁၊၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာပြည်နယ်၊ ကာရိုကုန်းပြင်မြင့်ရှိဆီနာဘန်း (Mount Sinabung)မီးတောင်သည် တနင်္လာနေ့တွင် အပြင်းအထန် ပေါက်ကွဲခဲ့ပြီး ကောင်းကင်ယံသို့ ၃.၅ ကီလိုမီတာ အမြင့်အထိ မီးတောင်ပြာများကို မှုတ်ထုတ်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားဘူမိဗေဒအေဂျင်စီက သတင်းထုတ်ပြန်လိုက်သည်။ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၇ မိနစ်တွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ အမည်းရောင်ရှိသော ထူထဲသည့် မီးတောင်ပြာ တိမ်တိုက်များသည် အရှေ့နှင့် အရှေ့တောင်ဘက်သို့ တိမ်းစောင်းပျံ့နှံ့လျက်ရှိသည်။ အဆိုပါ ပေါက်ကွဲမှုမှာ ၁ နာရီ၊ ၁ မိနစ်နှင့် ၄၈ စက္ကန့်ခန့် ကြာမြင့်ခဲ့ပြီးအများဆုံး လှိုင်းအကျယ် ၁၂၀ မီလီမီတာဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဘူမိဗေဒဆိုင်ရာ အေဂျင်စီနှင့် တာဝန်ရှိ အာဏာပိုင်များအနေဖြင့် မီးတောင်အနီးရှိ သတ်မှတ်အန္တရာယ်ဇုန်များနှင့် ရွှေ့ပြောင်းရေး ရွာများသို့ ပြည်သူများနှင့် ခရီးသွားများ လုံးဝမသွားရောက်ကြရန် တင်းကျပ်စွာ သတိပေးထားသည်။အထူးသဖြင့် မီးတောင်မှ ဆင်းသက်လာသည့် မြစ်ကြောင်းများအနီး နေထိုင်ကြသူများအနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ကျဆင်းလာနိုင်သည့် ချော်ရည်အေးစီးကြောင်း (Cold lava flows) ကို အထူးသတိပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ ရာစုနှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်နိုးထလာခဲ့သည့် အဆိုပါ မီးတောင်သည် လွန်ခဲ့သည့်နှစ်များအတွင်း လူအသေအပျောက်ရှိခဲ့သည့် အဓိက ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ လက်ရှိတွင် သက်ဆိုင်ရာ ဒေသန္တရအစိုးရ၊ မီးတောင်စောင့်ကြည့်ရေးစခန်းနှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ် လျော့ပါးရေး စင်တာတို့ ပူးပေါင်း၍ အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ ကိုးကား-The Indepedent Post navigation အစ္စရေးနှင့် ဂရိနိုင်ငံတို့ ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် လက်နက်သဘောတူညီချက် ‘Achilles Shield’ ကို လက်မှတ်ရေးထိုး အာနုထင်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများတွင် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ကတိပြု