PSM (News)

စက်တင်ဘာ ၂၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်း စစ်ဌာန၊ ဗျူဟာ (၁၉) လက်အောက်ခံ နေပြည်တော်တပ်ရင်း (၈၀၈)သည် တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရဲဘော်သစ်များ စတင်ခေါ်ယူနေကြောင်း ယမန်နေ့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည်။

အာဏာလု စစ်အုပ်စု၏ မတရား စစ်မှုထမ်း ခေါ်ယူမှုနှင့် ပြည်သူအပေါ် အနိုင်ကျင့် နှိပ်စက်နေမှုများကို တုံ့ပြန်ရန်၊ တပ်ရင်း၏ တိုက်ခိုက်ရေး အင်အားနှင့် စွမ်းရည်များကို တစိုက်မတ်မတ် တိုးချဲ့သွားနိုင်ရေးအတွက် ယခုကဲ့သို့ လူသစ်စုဆောင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု တပ်သားသစ် ခေါ်ယူမှုတွင် စိတ်ဓာတ်ခိုင်မာပြီး တော်လှန်ရေးတွင် အမှန်တကယ် ပူးပေါင်းပါဝင်လိုသူများကို အထူးဦးစားပေး ခေါ်ယူမည်ဖြစ်ကာ ပါဝင်လိုသူများအနေဖြင့် နေပြည်တော်တပ်ရင်း (၈၀၈) ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ မက်ဆင်ဂျာမှတစ်ဆင့် စည်းကမ်းချက်များနှင့်အညီ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

စစ်အုပ်စုက တရားမဝင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများကို အဓမ္မဖမ်းဆီးနေမှုများကြောင့် တော်လှန်ရေး လုပ် ငန်းစဉ်များကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု နေပြည်တော်တပ်ရင်း (၈၀၈) သတင်းနှင့် ပြန်ကြားရေးက အသိပေးထားသည်။

ဓာတ်ပုံ – နေပြည်တော်တပ်ရင်း (၈၀၈)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *