PSM (News) စက်တင်ဘာ ၂ ၊၂၀၂၆ ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၈၆ ရက်ကြာ ကင်းလှည့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်ပါ အမေရိကန်ရေတပ်နှင့် မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်သည် စက်တင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါလေယာဉ်တင်သင်္ဘောသည် ရက်ပေါင်း ၅ ရက်ကြာ သင်္ဘောဆိုက်ကပ်နားခိုခွင့် အတွက်လမ်ချဘန်ဆိပ်ကမ်းတွင် ကျောက်ချရပ်နားခဲ့ပြီး၊ တပ်ဖွဲ့ဝင်အများစုမှာ အနီးရှိ ပတ္တရားမြို့သို့ သွားရောက်ကာ အနားယူအပန်းဖြေကြမည်ဟု မျှော်လင့်ရသည်။ ထိုသို့ တပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်းကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေတိုးတက်လာမည်ဟု မျှော်လင့်နေကြသလို၊ တာဝန်ရှိသူများကလည်း လုံခြုံရေးကို အထူးတလည် တိုးမြှင့်ထားပြီး လုပ်ငန်းဆောင်တာအချို့အပေါ် တားမြစ်ကန့်သတ်ချက်များ ချမှတ်ထားကြောင်း သိရသည်။ ကိုးကား-CNA Post navigation ဘန်ကောက်တွင် တရားမဝင် ကုမ္ပဏီဘဏ်စာရင်း ကွန်ရက်ပွဲစား အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ တိဘက် ရေဘေးသင့်ဒေသသို့ သွားရောက်သည့်လမ်းမကြီးကို တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်