PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကမ်ဖိန်ဖက် (Kamphaeng Phet) ခရိုင်ရှိ ကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဟူးနေ့ က အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင်လူထိခိုက်သေဆုံးမှုမရှိကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒေသတွင်း သတင်းဖော်ပြချက်များအရ အဆိုပါ အလယ်တန်းအဆင့် (Grade 9) ကျောင်းသားသည် ကျောင်းတွင်ဖျက်ဆီးရေးလုပ်ရပ်တစ်ခု လုပ်ဆောင်ရန် စီစဉ်နေကြောင်း သူငယ်ချင်းဖြစ်သူထံ စာတိုပေးပို့ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့်ကျောင်းတာဝန်ရှိသူများ၏စစ်ဆေးမေးမြန်းမှုကို ယခင်ကခံခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် ဘန်ကောက်မြို့စွန်တွင် လူ ၇ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သော ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်လပင် မပြည့်သေးချိန်တွင် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ဖြစ်ရပ်နှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ကိုးကား-CNA Post navigation တိဘက် ရေဘေးသင့်ဒေသသို့ သွားရောက်သည့်လမ်းမကြီးကို တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်းက အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး တိုက်တွန်း