PSM (News)

စက်တင်ဘာ ၃၊ ၂၀၂၆

ပြင်းထန်သော ရေကြီးမြေပြိုမှုများကြောင့် ပျက်စီးသွားခဲ့သည့် တရုတ်နိုင်ငံ၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နီပေါနယ်စပ်သို့သွားရောက်သည့်တစ်ခုတည်းသောလမ်းကြောင်းကိုတရုတ်အစိုးရကစက်တင်ဘာ၂ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

G216အမျိုးသားအဝေးပြေးလမ်းမကြီးပြန်လည်ပွင့်လာခြင်းကြောင့်ကယ်ဆယ်ရေးလုပ်ငန်းသုံးလေးလံသည့်စက်ယန္တရားကြီးများနှင့်ထောက်ပံ့ရေးပစ္စည်းများကိုဘေးသင့်ရာအဓိကဒေသသို့ပထမဆုံးအကြိမ်အဖြစ်တင်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလွှင့်ဌာနကဖော်ပြခဲ့သည်။

မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် ကျဉ်းမြောင်းသည့် တောင်ကြားလမ်းအနေအထားတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သော်လည်း အသက်ရှူသံထောက်လှမ်းသည့် ကိရိယာများနှင့် ရှာဖွေရေးခွေးများကို အသုံးပြုကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် နီပေါနိုင်ငံဘက်တွင် လူ ၁,၁၁၄ ဦးထက်မက သေဆုံးခဲ့ပြီး လူ ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကာ အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိရန် မျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်လာနေသည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင်မူ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၆ ဦးနှင့် ပျောက်ဆုံးသူ ၅၄၆ ဦး ရှိပြီး ၎င်းတို့ထဲတွင် နီပေါနှင့် အိန္ဒိယနိုင်ငံသားများအပြင် လာဗီးယားနိုင်ငံသား ၃၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေမှုနှင့် ဒုတိယအကြိမ် ဘေးအန္တရာယ်ဖြစ်ပွားနိုင်ချေ စိုးရိမ်ရမှုတို့ကြောင့် သတင်းထောက်များကို ဘေးသင့်ဒေသတွင်းသို့ သွားရောက်ခွင့် မပြုသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *