PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ထံမှ သိရသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ပျူစောထီး ခေါင်းဆောင် ကိုထွန်းဝင်း (ခ) ကိုလူမဲ၏ နေအိမ်အတွင်းသို့ အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် ကိုထွန်းဝင်း (ခ) ကိုလူမဲနှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတို တစ် လက်၊ ကျည်ဘောက် တစ် ခု၊ .380 ကျည် ၂၈ တောင့်၊ စကား ပြောစက် (အိုင်ကွန်) တစ် လုံး၊ ဖုန်း တစ် လုံးနှင့် ငွေကျပ် နှစ်သိန်းရှစ်သောင်းခန့် သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဆင်ရေးသည် ပျူစောထီး ခေါင်းဆောင်ပိုင်းကိုသာ ပစ်မှတ်ထား ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေ ပြည်သူ လူထုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က အသိပေး ထုတ်ပြန်ထားသည်။ ဓာတ်ပုံ- S.G.F Post navigation အနောက်တောင်မုတ်သုံလေ အားကောင်းသဖြင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးသည်းထန်စွာ ရွာနိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ် ကျော်လွန်နေ တော်လှန်ရေး အရှိန်မြှင့်ရန် နေပြည်တော်တပ်ရင်း ၈၀၈ ရဲဘော်သစ်များ စတင်ခေါ်ယူ