PSM (News)

စက်တင်ဘာ၃၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် သင့်လျော်သော အခြေအနေများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေးများအစည်းအဝေးတွင် သမ္မတလီက နှစ်နိုင်ငံအကြား ရင်ဆိုင်တိုက်ခိုက်နေသည့် အခြေအနေကို ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် စစ်ရပ်စဲရေးစနစ်ကို ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးစနစ် တစ်ရပ်အဖြစ်သို့ ပြောင်းလဲရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကို ရန်သူ့နိုင်ငံအဖြစ် သတ်မှတ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ထားဆဲဖြစ်သော်လည်း နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လက္ခဏာရပ်များ ပြသနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *