international news ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ခြေရှိဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောကြား September 4, 2026 Htet Ko PSM (News) စက်တင်ဘာ ၄၊၂၀၂၆ ယူကရိန်းနိုင်ငံရေးပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိလာနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက် တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပပြုလုပ်နေသည့် အရှေ့ပိုင်း စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးတွင် ရုရှားသမ္မတက အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြားက…
international news ကနေရီကျွန်းစုအနီး ရက်ပေါင်း (၂၆)ရက်ကြာမျောပါခဲ့သည့်လှေပေါ်တွင် လူ (၈၀) ဦးခန့် သေဆုံးဖွယ်ရှိ September 4, 2026 Htet Ko PSM (News) စက်တင်ဘာ ၄၊ ၂၀၂၆ ဂမ်ဘီယာနိုင်ငံမှ ထွက်ခွာလာပြီး စပိန်နိုင်ငံ၏ ကနေရီကျွန်းစု အနီးတွင် ရက်ပေါင်း (၂၆) ရက်ကြာ မျောပါနေခဲ့သော ရွှေ့ပြောင်းအခြေချလှေတစ်စင်းပေါ်၌ ရင်သွေးငယ်တစ်ဦးနှင့် အမျိုးသမီးလေးဦး အပါအဝင် လူ (၈၀) ဦးထက်မနည်း သေဆုံးဖွယ်ရှိကြောင်း လူ့အခွင့်အရေး NGO အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်သည်။ အဆိုပါလှေငယ်သည် ဩဂုတ်လ (၇) ရက်နေ့က…
international news တိုင်ဖုန်းဆေဒယ် မုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင် September 4, 2026 Htet Ko PSM (News) စက်တင်ဘာ၄၊၂၀၂၆ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများဖြစ်သည့် ဖူကျန့်ပြည်နယ်နှင့် ကျဲ့ကျိယန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အလွန်ပြင်းထန်သည့် တိုင်ဖုန်းဆေဒယ် မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း သိရသည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် (၁၈) ကြိမ်မြောက် မုန်တိုင်းဖြစ်သော အဆိုပါ တိုင်ဖုန်းဆေဒယ်သည် အိမ်နီးချင်း ကျဲ့ကျိယန်ပြည်နယ်ကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ရိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်…
daily-news စစ်အုပ်စု၏ စစ်ရေယာဉ်အချို့ နိဂုံးချုပ်ကာ တပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ရပြီးနောက် ရိက္ခာတင် စစ်သင်္ဘော ၇ စီး ဗန်းမော်သို့ ရောက်ရှိ September 4, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေ ယာဉ်အုပ်စုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ စုပေါင်းတိုက်ခိုက်မှု ကြောင့် အထိအခိုက် ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ရိက္ခာနှင့် စစ်ကူပစ္စည်းများ တင်ဆောင်လာသည့် စစ်သင်္ဘော ခုနစ် စီးမှာ ယနေ့ စက်တင်ဘာ…
daily-news ရိုဟင်ဂျာအရေး နိုင်ငံတကာ၏ ထုတ်ပြန်ချက်များမှာ နိုင်ငံရေးလှုံ့ဆော်မှုများသာဖြစ်သည်ဟု အာဏာလု စစ်အုပ်စု စွပ်စွဲ၍ ပယ်ချ September 3, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာက ထုတ်ပြန်ထားသည့် ကြေညာချက်များသည် မြေပြင် ပကတိအခြေအနေမှန်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေး လှုံ့ဆော်မှုများသာ ဖြစ်သည်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန် ပယ်ချလိုက်သည်။ အဆိုပါ…
daily-news အာဏာလု စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာဟု JFM ထုတ်ပြန် September 3, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၌ ဗီယက်နမ်၏ ကြံရာပါ ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် Justice For Myanmar (JFM)…
daily-news ထားဝယ်နှင့် လောင်းလုံးတွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ထွက်ပြေး လာသည့် ၃ ဦးကို S.G.F ဖမ်းဆီးထိန်းသိမ်း September 3, 2026 Htet Ko PSM(Nrews) စက်တင်ဘာ ၃၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် အချို့ လက် နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့သလို စခန်းမှ ထွက်ပြေးလာသူများကိုလည်း ဖမ်းဆီးရမိခဲ့ ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က ထုတ်ပြန်ထားသည်။ ထားဝယ်မြို့၊ စောမိညိုရပ်ကွက် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်တပ်မှ တပ်ဖွဲ့ဝင် ခုနစ် ဦးသည်…
international news ငွေလိမ်ဂိုဏ်းကြောင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီး ဘတ်ငွေ၈သိန်းခွဲကျော်လိမ်လည်ခံရ September 3, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊၂၀၂၆ ဆက်သွယ်ရေးဆိုင်ရာအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ရာဇဝတ်မှုတစ်ခုတွင် မှတ်ပုံတင်နံပါတ် အသုံးပြုခံရကြောင်း ခြိမ်းခြောက်ပြီး Call Center ငွေလိမ်ဂိုဏ်းက အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ဘတ် (၈၅၀,၀၀၀) ကို လိမ်လည်သွားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။ လိမ်လည်သူများသည် ရဲစခန်းနောက်ခံပုံစံတူပြုလုပ်ထားကာ ရဲမှူးကြီးဝတ်စုံ ဝတ်ဆင်ထားသူဖြင့် ဗီဒီယိုခေါ်ဆိုခဲ့ကြပြီး…
daily-news မလှိုင်တွင် အာဏာလု စစ်အုပ်စုက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ September 3, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၌ ယမန်နေ့ စက်တင်ဘာ ၂ ရက် ည ၉ နာရီခန့်တွင် ယာကြီးကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု စစ်ကြောင်းက လွှတ်တင်လိုက်သည့် ကာမီကာဇေ အသေခံ ဒရုန်း ၁ စီးသည် ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့်…
daily-news ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအန္တရာယ် မရှိနိုင်သော်လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေမည် September 3, 2026 Htet Ko PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မရှိဘဲ ရာသီဥတု တည်ငြိမ်နိုင်ကာ နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှု ပြန်လည် လျော့နည်းသွားမည် ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသ ကိန်းဂဏန်းပြ အချက်အလက်မြေပုံ (Tropical Tidbits) ၏ AIFS-ENS အချက်အလက်များ အရ သိရသည်။ လေထုအောက်ပိုင်း…