PSM (News)

စက်တင်ဘာ ၃၊ ၂၀၂၆

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာက ထုတ်ပြန်ထားသည့် ကြေညာချက်များသည် မြေပြင် ပကတိအခြေအနေမှန်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေး လှုံ့ဆော်မှုများသာ ဖြစ်သည်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန် ပယ်ချလိုက်သည်။

အဆိုပါ ဖြစ်စဉ်များသည် အာဆာ (ARSA) အဖွဲ့က လုံခြုံရေးစခန်းများကို ကြိုတင်စီစဉ် တိုက်ခိုက် ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် လူမှုကွန်ရက် မီဒီယာများ၏ သတင်းဖော်ပြ ချက်များတွင် ARSA ၏ အကြမ်းဖက် လုပ်ရပ်များကို အသိအမှတ်ပြုရန် ပျက်ကွက်နေကြောင်း စစ်အုပ်စုက စွပ်စွဲတုံ့ပြန်ထားသည်။

ထို့ပြင် ရိုဟင်ဂျာ ဟူသော အမည်နာမ သုံးစွဲမှုကို မြန်မာနိုင်ငံတွင် မရှိသည့် လူမျိုးအမည်ဟု ဆိုကာ ပြတ်သားစွာ ငြင်းပယ်ထားပြီး နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုနေခြင်း ဖြစ်သည်ဟု စစ်အုပ်စုက စွပ်စွဲထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာသူများကို စိစစ်၍ ပြန်လည် လက်ခံရေး ဆောင်ရွက်နေ သည်ဟု ဆိုသော်လည်း နိုင်ငံတကာ၏ ဖိအားပေး ထုတ်ပြန်ချက်များသည် အပြုသဘောဆောင်သည့် အထောက်အပံ့ မဖြစ်ဟုလည်း ဆိုသည်။

အာဏာလု စစ်တပ်သည် ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာ ရာပေါင်းများစွာကို သတ်ဖြတ်ကာ လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရအောင် ကျူးလွန်ခဲ့မှုများအတွက် နိုင်ငံတကာ တရားရုံး (ICJ) တွင် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ စစ်ရာဇဝတ်မှုများကို ငြင်းဆန်၍ တုံ့ပြန်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

Military Chief Min Aung Hlaing (front L) arrives for a memorial event at the Myanmar International Convention Centre (MICC) in Naypyidaw on March 28, 2026, to mark the first anniversary since a 7.7-magnitude tremor struck, killing more than 3,800 people in Myanmar — and around 90 more in neighbouring Thailand. (Photo by ANTHONY WALLACE / AFP)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *