PSM (News)

စက်တင်ဘာ၄၊၂၀၂၆

တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများဖြစ်သည့် ဖူကျန့်ပြည်နယ်နှင့် ကျဲ့ကျိယန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အလွန်ပြင်းထန်သည့် တိုင်ဖုန်းဆေဒယ် မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း သိရသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် (၁၈) ကြိမ်မြောက် မုန်တိုင်းဖြစ်သော အဆိုပါ တိုင်ဖုန်းဆေဒယ်သည် အိမ်နီးချင်း ကျဲ့ကျိယန်ပြည်နယ်ကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ရိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက် ကြာသပတေးနေ့ မနက်ပိုင်းတွင် ဖူကျန့်ပြည်နယ် ကမ်းရိုးတန်းဒေသသို့ တတိယအကြိမ်မြောက်အဖြစ် ထပ်မံ ဝင်ရောက်တိုက်ခတ်ခဲ့သည်။

မုန်တိုင်း၏ ရိုက်ခတ်မှုအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အမြင့်ဆုံးအဆင့် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်များကိုင့် တရုတ် အမျိုးသား မိုးလေဝသဌာနကထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ဖူကျန့်ပြည်နယ် အာဏာပိုင်များအနေဖြင့် ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပြည်နယ်အတွင်းရှိ ကျောင်းများကို ယာယီပိတ်ထားရန် ညွှန်ကြားခဲ့ပြီး ပင်လယ်ရေကြောင်း ကူးတို့လှေခရီးစဉ်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအချို့ကိုလည်း အရေးပေါ် ရပ်ဆိုင်းထားခဲ့သည်။

မြို့ပြနှင့် ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုအန္တရာယ်များကိုပါ အထူးသတိပေးထားပြီး ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ခွာနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မိုးလေဝသ ပညာရှင်များ၏ လေ့လာချက်အရ တိုင်ဖုန်းမုန်တိုင်းတစ်ခုတည်းကပင် ကမ်းရိုးတန်းဒေသများကို အကြိမ်ကြိမ် ပြန်လည်ဝင်ရောက် တိုက်ခတ်ခြင်းသည် ရာသီဥတုဖြစ်စဉ်များအရ အလွန်ရှားပါးသည့် အခြေအနေတစ်ခုဖြစ်ပြီး ကမ္ဘာ့ပူနွေးလာမှုနှင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာမှုတို့က အဆိုပါ မုန်တိုင်းများကို ပိုမိုဆိုးရွားလာစေကြောင်း သုံးသပ်ထားကြသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *