PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေ ယာဉ်အုပ်စုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ စုပေါင်းတိုက်ခိုက်မှု ကြောင့် အထိအခိုက် ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ရိက္ခာနှင့် စစ်ကူပစ္စည်းများ တင်ဆောင်လာသည့် စစ်သင်္ဘော ခုနစ် စီးမှာ ယနေ့ စက်တင်ဘာ နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်မြို့သို့ ရောက်ရှိဆိုက် ကပ်ခဲ့ကြောင်း စစ်အုပ်စု၏ လော်ဘီ သတင်းရင်း မြစ်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများထံမှ သိရသည်။ “သတင်းတွေမှာ ထိခိုက်မြုပ်နှံသွားတယ်ဆိုတာတွေက လွန်ကဲစွာ ပုံချဲ့ထားတာပါ။ ရေယာဉ်အချို့ မိုင်းထိတာနဲ့ ပစ်ခတ်ခံရတာတွေ ရှိပေမဲ့ ပင်မကုန်တင်သင်္ဘောကြီး နှစ် စီးနဲ့ အခြားလုံခြုံရေးသင်္ဘော ငါး စီး၊ စုစုပေါင်း ခုနစ် စီးကတော့ သတ်မှတ်ချိန်အတိုင်း ဗန်းမော်ကို ရောက်ရှိသွားပါပြီ” ဟု စစ်အုပ်စု အမာခံ လော်ဘီတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ အာဏာလု စစ်အုပ်စု၏ ရေယာဉ်စုသည် ရွှေကူမြို့မှတစ်ဆင့် ဗန်းမော်မြို့သို့ ဆန်တက်လာစဉ် စင်းခန်းကျေးရွာနှင့် ဇင်းဘုံကျေးရွာအကြားတွင် စောင့်ကြို တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ရှစ် စီးထက်မနည်း ပျက်စီးခဲ့ပြီး အချို့မှာ မြစ် ကြောင်းအတွင်း နစ်မြုပ်ခဲ့သော်လည်း စင်းခန်းတံတားအနီး တိုက်ပွဲတွင် စစ်အုပ်စု၏ လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် အနီးကပ် ပစ်ကူပေးမှုကြောင့် ရေယာဉ်အချို့မှာ ဗန်းမော်မြို့တွင်းသို့ ဆက်လက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စင်းခန်းတံတားအနီး အလံဖြူထောင်၍ ကမ်းကပ်ခဲ့ရသည့် ရေယာဉ်များပေါ်မှ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၉ ဦးနှင့် ကလေး ၇ ဦး၊ စုစုပေါင်း ၁၃၂ ဦးကို KIA ဘက်က ဘေးကင်းရာသို့ ခေါ်ဆောင်ထိန်းသိမ်းခဲ့သော် လည်း အာဏာလု စစ်အုပ်စုဘက်က ယင်းကိစ္စနှင့် ပတ်သက်၍ သီးခြား အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။ “သံခွန် ငါး စီးနဲ့ စစ်သင်္ဘော နှစ် စီးက လေယာဉ်ပစ်ကူနဲ့ ဗန်းမော်မြို့ထဲကို ဝင်သွားကြတာ ဖြစ်ပါတယ်။ စင်းခန်းဘက်မှာတော့ ကမ်းကပ်သွားတဲ့ သင်္ဘောတွေပေါ်က လူတွေကို လိုက်လံရှင်းလင်း စစ်ဆေးတာ တွေ လုပ်နေရတယ်” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက PSM ကို အတည်ပြု ပြောဆိုထားသည်။ ပုံစာ-ပုံစာ -ဗန်းမော်သို့ဆိုက်ကပ်လာသည့် သံခွန် ငါး စီးနှင့်စစ်သင်္ဘော နှစ် စီး။ Post navigation ရိုဟင်ဂျာအရေး နိုင်ငံတကာ၏ ထုတ်ပြန်ချက်များမှာ နိုင်ငံရေးလှုံ့ဆော်မှုများသာဖြစ်သည်ဟု အာဏာလု စစ်အုပ်စု စွပ်စွဲ၍ ပယ်ချ အာဏာလု စစ်အုပ်စုက ဗန်းမော်တွင် စစ်နိုင်နေပြီဟုလိမ်လည်ပြီး မန္တလေးတွင် စစ်ရှောင်နေသည့် တပ်မိသား စုများကို ရောပို့ခဲ့ခြင်းဖြစ်