PSM (News) စက်တင်ဘာ ၄၊ ၂၀၂၆ ဂမ်ဘီယာနိုင်ငံမှ ထွက်ခွာလာပြီး စပိန်နိုင်ငံ၏ ကနေရီကျွန်းစု အနီးတွင် ရက်ပေါင်း (၂၆) ရက်ကြာ မျောပါနေခဲ့သော ရွှေ့ပြောင်းအခြေချလှေတစ်စင်းပေါ်၌ ရင်သွေးငယ်တစ်ဦးနှင့် အမျိုးသမီးလေးဦး အပါအဝင် လူ (၈၀) ဦးထက်မနည်း သေဆုံးဖွယ်ရှိကြောင်း လူ့အခွင့်အရေး NGO အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်သည်။ အဆိုပါလှေငယ်သည် ဩဂုတ်လ (၇) ရက်နေ့က ဂမ်ဘီယာနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စပိန်အခြေစိုက် အန်ဂျီအိုအဖွဲ့ဖြစ်သော Caminando Fronteras ၏ သတိပေးချက်အရ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ စပိန်သတင်းဌာန EFE Noticias က လှေပေါ်တွင် ရွှေ့ပြောင်းဒုက္ခသည် (၈၀) ဦး သေဆုံးလျက်ရှိကြောင်း X လူမှုကွန်ရက်တွင် ကနဦး ဖော်ပြခဲ့သည်။ သို့သော် ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် အသက်ရှင်ကျန်ရစ်သူ (၄၄) ဦးနှင့် ရုပ်အလောင်း (၅) လောင်းကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ထဲမှ သုံးဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းအတည်ပြုပြောကြားခဲ့သည်။ အဆိုပါလှေပေါ်တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းဒုက္ခသည် စုစုပေါင်း (၁၂၇) ဦး ပါဝင်လာခဲ့ခြင်းဖြစ်ပြီး လူ (၈၀) ကျော်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း Caminando Fronteras အဖွဲ့က ဆိုသည်။ ကိုးကား-The Independent Post navigation တိုင်ဖုန်းဆေဒယ် မုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ခြေရှိဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောကြား