PSM (News) စက်တင်ဘာ ၃၊၂၀၂၆ ဆက်သွယ်ရေးဆိုင်ရာအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ရာဇဝတ်မှုတစ်ခုတွင် မှတ်ပုံတင်နံပါတ် အသုံးပြုခံရကြောင်း ခြိမ်းခြောက်ပြီး Call Center ငွေလိမ်ဂိုဏ်းက အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ဘတ် (၈၅၀,၀၀၀) ကို လိမ်လည်သွားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။ လိမ်လည်သူများသည် ရဲစခန်းနောက်ခံပုံစံတူပြုလုပ်ထားကာ ရဲမှူးကြီးဝတ်စုံ ဝတ်ဆင်ထားသူဖြင့် ဗီဒီယိုခေါ်ဆိုခဲ့ကြပြီး စစ်ဆေးရန်အတွက် ဘတ် (၅၀,၀၀၀) လွှဲပြောင်းခိုင်းခဲ့ကာ နောက်ပိုင်းတွင် ၎င်း၏မိခင်ထံမှ ဘတ် (၈၀၀,၀၀၀) ထပ်မံရယူရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးငယ်သည် Siam Commercial Bank မှ ငွေထုတ်ယူပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအတွင်း ဘန်ကောက်မြို့၊ ဖရထိုင်း (Phaya Thai) နယ်မြေရှိ ကွန်ဒိုမီနီယံတစ်ခုအပြင်ဘက်တွင် တရုတ်အမျိုးသားတစ်ဦးထံသို့ အဆိုပါငွေများကို သွားရောက်ပေးအပ်ခဲ့ရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့အနေဖြင့် ကျယ်ပြန့်သော ကွန်ရက်ကို ဖော်ထုတ်နိုင်ရန် CCTV မှတ်တမ်းများ၊ ဆက်သွယ်မှုများနှင့် ငွေကြေးလွှဲပြောင်းမှုများကို စစ်ဆေးလျက်ရှိသည်။ အစိုးရအရာရှိများသည် မည်သည့်အခါမျှ အပြစ်ကင်းစင်ကြောင်း သက်သေပြရန် ငွေလွှဲခိုင်းခြင်း၊ ငွေထုတ်ခိုင်းခြင်း သို့မဟုတ် ငွေလက်ခံပေးခိုင်းခြင်း လုံးဝမရှိကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။ ထိုသို့သော ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပါက ချက်ချင်းဖုန်းချလိုက်ရန်၊ သက်ဆိုင်ရာဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်နှင့် ငွေကြေးလွှဲပြောင်းပြီးပါက ဘဏ်နှင့် ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းနှိုးဆော်ထားသည်။ ကိုးကား-Khaosod Post navigation တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်းက အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး တိုက်တွန်း တိုင်ဖုန်းဆေဒယ် မုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်