PSM(Nrews) စက်တင်ဘာ ၃၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် အချို့ လက် နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့သလို စခန်းမှ ထွက်ပြေးလာသူများကိုလည်း ဖမ်းဆီးရမိခဲ့ ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က ထုတ်ပြန်ထားသည်။ ထားဝယ်မြို့၊ စောမိညိုရပ်ကွက် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်တပ်မှ တပ်ဖွဲ့ဝင် ခုနစ် ဦးသည် ပြီးခဲ့သည့် မေ ၅ ရက် ည ၁၂ နာရီခန့်က အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ထံ လက်နက်များနှင့်အတူ အလင်းဝင်ရောက်ရန် ဆက်သွယ်လာသဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အလင်းဝင်ရောက်လာသည့် စစ်တပ်ဖွဲ့ဝင် ခုနစ် ဦးနှင့်အတူ MA-1 တစ် လက်၊ M16 တစ် လက်၊ ကာဘိုင် သုံး လက်၊ ခြောက်လုံးပြူး နှစ် လက်တို့အပြင် သက်ဆိုင်ရာ ကျည်ဘောက်များနှင့် ကျည်ဆန်များကိုပါ လက်ခံရရှိခဲ့ပြီး ၎င်းတို့အား ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင်ပင် စစ်အုပ်စုလက်အောက်ခံ လောင်းလုံးမြို့နယ် ရဲစခန်းမှ ထွက် ပြေးလာသည့် တပ်ဖွဲ့ဝင် သုံး ဦးကိုလည်း S.G.F ရဲဘော်များ ကင်းပုန်းဝပ်နေသည့် လမ်းပိုင်းတွင် လက်ပစ်ဗုံး နှစ်လုံးနှင့်အတူ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ထွက်ပြေးလာသူ သုံး ဦးကိုလည်း ဘေးကင်းရာသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ကြောင်း S.G.F က အသိပေး ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F)။ Post navigation မလှိုင်တွင် အာဏာလု စစ်အုပ်စုက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ အာဏာလု စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာဟု JFM ထုတ်ပြန်