Month: August 2026

ဗြိတိန်နိုင်ငံ၊ဒွန်ကတ်စတာမြို့တွင် မိခင်၏အသက်ကို အံ့သြဖွယ် ကယ်တင်နိုင်ခဲ့သည့် အသက်သုံးနှစ်အရွယ် ကလေးငယ်

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ အင်္ဂလန်နိုင်ငံ၊ ဒွန်ကတ်စတာမြို့တွင် အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူ ဂျော်ဂျီယာသည် အိမ်တွင် ရုတ်တရက် မူးလဲကျသွားစဉ် အသက်သုံးနှစ်အရွယ် သားဖြစ်သူ ဂျိမ်းစ်က အရေးပေါ် ဖုန်းခေါ်ဆိုမှုပြုလုပ်ကာ မိခင်ဖြစ်သူ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တောင်ယော့ရှိုင်းယား ရဲတပ်ဖွဲ့က ဩဂုတ် ၁၂ရက်နေ့ ထုတ်ပြန်လိုက်သည်။ မိခင်ဖြစ်သူ ဂျော်ဂျီယာသည်…

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဖော်ထုတ်

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ဩဂုတ်လ၁၁ရက်နေ့ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ…

စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေဖောက်ချ၍ လူ ၂၄ ဦး သေဆုံးပြီး ၂ သိန်းကျော် ရေဘေးသင့်၊ တစ်နိုင်ငံလုံးတွင် ရေဘေးသင့်သူ ၄ သိန်းခွဲကျော်ရှိလာ

PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်းမှ အာဏာလု စစ်တပ်က ရေဖောက်ချ ခဲ့မှုကြောင့် ဆည်အောက်ပိုင်း အညာဒေသ မြို့နယ် ၁၁ ခုတွင် ကျေးရွာပေါင်း ၂၀၀ ကျော် ရေလွှမ်းမိုးခံရပြီး အရပ်သား ၂၄ ဦး သေဆုံးကာ ၂၁၃,၇၂၅ ဦး ရေဘေးသင့်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ…

တီမောသမ္မတ၏ ဖိတ်ကြားချက်ဖြင့် NUG စေလွှတ်သည့် မြန်မာအားကစားအဖွဲ့ ဒီလီမာရသွန် ပြိုင်ပွဲတွင် ပထမဆုရ၊ တီမောသမ္မတနှင့် သီးသန့်တွေ့ဆုံ

PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ၏ တရားဝင်ဖိတ် ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စေလွှတ်လိုက်သည့် မြန်မာ အားကစား ကိုယ်စား လှယ်အဖွဲ့သည် တီမောနိုင်ငံတွင် ကျင်းပသည့် “ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ” ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအပြေးသမားက ပထမနေရာ ရရှိခဲ့သည့်အပြင်…

လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းအပါအဝင် တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးကြီးနေမည်၊ မြစ်ရေကြီးမှုနှင့် လှိုင်းကြီးအန္တရာယ် သတိပေး

PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသော အနောက်တောင်မုတ်သုံလေတို့ကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြစ်ရေကြီးမှုနှင့် ပင်လယ်ပြင် လှိုင်းကြီးအန္တရာယ် သတိထားရန် လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့မိုးလေဝသဌာနများ၏ မိုးလေဝသခန့်မှန်းမော်ဒယ်များအရ သိရသည်။ မွန်၊ ကရင်၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် မိုးများရာမှ မိုးအလွန်များနိုင်ပြီး…

စလင်းတွင် ပကဖ ရဲမေတစ်ဦး အဖမ်းခံရပြီးနောက် ကျေးရွာများကို အာဏာလု စစ်တပ် ဗုံးကြဲ၊ ထောက်ပို့နှင့် ကွင်းဆက်များ သတိထားရန်လိုအပ်

PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ ‎ မကွေးတိုင်း၊ စလင်းမြို့၌ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လက်အောက်ခံ ရဲမေတစ်ဦး အာဏာလု စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အနီးဝန်းကျင် ကျေးရွာများကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေသဖြင့် အဆိုပါ ရဲမေနှင့် ဆက်သွယ်ဖူးသူများ၊ ထောက်ပို့ ကွင်းဆက်များ အထူးသတိထားကြရန် စစ်ရေးသတင်းရင်းမြစ်က PSM…

NATO အစည်းအဝေးအပြီး အီရန်ခြိမ်းခြောက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရန့်အား ကာတာထရပ်ကားဖြင့် လျှို့ဝှက်ရွှေ့ပြောင်းခဲ့ရ

PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇူလိုင်လ ၈ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပသည့် NATO ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးအပြန်တွင် အီရန်၏ လုပ်ကြံရန် ခြိမ်းခြောက်မှုမှ လုံခြုံရေးအရ ကာကွယ်ရန် လျှို့ဝှက်အစီအမံကိုလုပ်ဆောင်ခဲ့သည်။ သမ္မတထရန့်သည် ကင်မရာများနှင့် သတင်းဌာနများရှေ့တွင် Air Force One လေယာဉ်ပေါ်သို့ ပုံမှန်အတိုင်း…

ဟောင်ကောင်တွင် ဓားဖြင့်ထိုးမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိပြီးနောက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

PSM (News) ဩဂုတ် ၁၂၊၂၀၂၆ ဟောင်ကောင်မြို့ ပိုဖူလမ် ရပ်ကွက်ရှိ တိုက်ခန်းတွဲ တစ်ခုတွင် အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဂီယို ဗီလာတွင် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးက ဒေသခံများကို ဓားဖြင့် တိုက်ခိုက်နေကြောင်း တနင်္လာနေ့ နံနက် ၉ နာရီ ၂၀…

ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက် စစ်ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခံရ

PSM(News) ဩဂုတ် ၁၂၊၂၀၂၆ ဆီးရီးယားနိုင်ငံ၏ ၁၄ နှစ်ကြာ ပဋိပက္ခအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် ဖြုတ်ချခံထားရသော ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက်နှင့် ၎င်း၏ညီဖြစ်သူတို့ကို ဒမတ်စကတ်မြို့ရှိ စတုတ္ထရာဇဝတ်ခုံရုံးက အင်္ဂါနေ့တွင် မျက်ကွယ်သေဒဏ်အမိန့် ချမှတ်လိုက်သည်။ ဤသေဒဏ်အမိန့်များသည် အာဆက်မိသားစု၏ ရာစုနှစ်တစ်ဝက် သက်တမ်းရှိ အာဏာစက်ချုပ်ဆုံးသွားခဲ့ပြီးနောက် လပေါင်း ၂၀ အကြာတွင် အာဆက် သို့မဟုတ်…

ကိုလံဘီယာငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်

PSM (News) ဩဂုတ် ၁၂၊၂၀၂၆ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းဒေသတွင် လှုပ်ခတ်သွားခဲ့သည့် ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် အဆောက်အအုံများနှင့် ပြိုကျနေသော နေအိမ်များကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တူးဖော် ရှာဖွေလျက်ရှိကြသည်။ ဆယ်စုနှစ်များအတွင်း နိုင်ငံအတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးရေး အဓိကဒေသများဆီသို့ တနင်္လာနေ့…