PSM (News)

ဩဂုတ် ၁၂၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇူလိုင်လ ၈ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပသည့် NATO ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးအပြန်တွင် အီရန်၏ လုပ်ကြံရန် ခြိမ်းခြောက်မှုမှ လုံခြုံရေးအရ ကာကွယ်ရန် လျှို့ဝှက်အစီအမံကိုလုပ်ဆောင်ခဲ့သည်။

သမ္မတထရန့်သည် ကင်မရာများနှင့် သတင်းဌာနများရှေ့တွင် Air Force One လေယာဉ်ပေါ်သို့ ပုံမှန်အတိုင်း တက်ရောက်ခဲ့သည်။

သို့သော် မိနစ်ပိုင်းအကြာတွင် လေဆိပ် အစားအစာတင် ကာတာထရပ်ကားကို အသုံးပြုကာ သမ္မတကို ပိုမိုသေးငယ်သည့် အခြားလေယာဉ်တစ်စင်းဆီသို့ လျှို့ဝှက်ပြောင်းရွှေ့ခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်၍ လိုက်ပါလာသည့် သတင်းထောက်များကို ကြိုတင်အသိပေးခြင်း မရှိဘဲ သတင်းထောက်များနှင့် အိမ်ဖြူတော် ဝန်ထမ်းအချို့ကိုပါ လှည့်စားကွင်းဆက်တစ်ခုအဖြစ် အသုံးချခဲ့သည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *